Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်ဘရာစစ်ဆင်ရေးအတွက်ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ယနေ့ကစ၍ တစ်လကြာပြုလုပ်မည်

လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး ကမ်ပိန်းကို ဩဂုတ် ၁ရက်မှ စက်တင်ဘာ ၁ရက်အထိ တစ်လသတ်မှတ်ထားပြီး ပါဝင်ထောက်ပံ့ငွေ ကျပ်သိန်း ၅,၀၀၀ ရရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြသည်။

(စစ်ကောင်စီတပ်နှင့် တိုက်ပွဲတစ်ခုတိုက်ခိုက်ပြီးနောက် တွေ့ရသော ကော်ဘရာစစ်သည်တော်များ။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(စစ်ကောင်စီတပ်နှင့် တိုက်ပွဲတစ်ခုတိုက်ခိုက်ပြီးနောက် တွေ့ရသော ကော်ဘရာစစ်သည်တော်များ။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️ပြည်သူများပါဝင်ပေးရန် တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ၌တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာ စစ်ကြောင်း၏ စစ်ဆင်ရေးအတွက် ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်းကို ယနေ့(ဩဂုတ် ၁ရက်)မှ စတင်မည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

စစ်ကြောင်း၏ လိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးအတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ် Fundraising Campaignများ အခါအားလျှော်စွာ ပြုလုပ်ရန် စစ်ကြောင်းထောက်ပံ့ရေး ကဏ္ဍတစ်ခုအဖြစ် အသုံးပြုမည့်Cobra Column Fundraising Team (CCFRT) Facebook စာမျက်နှာအား ကော်ဘရာ စစ်ကြောင်းက မိတ်ဆက်ရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

“CCFRT ရဲ့ ပထမဆုံး ခြေလှမ်းဖြစ်တဲ့ “လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး Campaignကို အခုလာမယ့် ၈ လပိုင်း ၁ ရက်နေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်လို့ မြွေဟောက်တွေရဲ့အစွမ်းပြဖို့ ပြည်သူများရဲ့အားနဲ့ ဝိုင်းဝန်း ပံ့ပိုးကူညီကြပါဦးလို့ တိုက်တွန်းပါရစေ”ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး ကမ်ပိန်းကို ဩဂုတ် ၁ရက်မှ စက်တင်ဘာ ၁ရက်အထိ တစ်လသတ်မှတ်ထားပြီး ပါဝင်ထောက်ပံ့ငွေ ကျပ်သိန်း ၅,၀၀၀ ရရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့အတွက် အသက်ကိုရင်းပြီး ပြည်သူ့၊အောင်ပွဲတွေကို ဆက်တိုက်ရယူနေကြတဲ့ ရဲဘော်တွေအတွက် ခဲယမ်းဖြည့်တင်း၊ တပ်ဆင်နိုင်ရန် စီစဉ်ထားတဲ့ Campaign ဖြစ်တာမို့ ပြည်သူအားလုံး တတ်နိုင်သမျှ ဝိုင်းဝန်းပါဝင်ကြပါလို့ တိုက်တွန်းပါရစေ”ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် Cobra Column Page ကို like/follow ထားကြသလို Cobra Column Fundraising Team (CCFRT) page ကိုလည်း like/follow/share လုပ်ပေးကြဖို့ ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။