Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ခတ်တောင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသတွင်းရွာများကို လက်နက်ကြီးဖြင့် ပစ်ရန် ပစ်မှတ်ချိန်ထားဟု ကော်ဘရာစစ်ကြောင်းမှူးပြော

လက်ခတ်တတောင်တာဝါတိုင်စခန်းကုန်းအား ကော်ဘရာစစ်ကြောင်းပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၀ရက်တွင် စတင် တိုက်ခိုက်ခဲ့ရာ ၂၅နာရီခန့်အကြာ ဇူလိုင် ၂၁ရက် နံနက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

(ဒေသတွင်းရွာများသို့ ပစ်မှတ်ချိန်ထားသည့် အမှတ်အသားများနှင့် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ရာနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - Saw Kaw/FB)
(ဒေသတွင်းရွာများသို့ ပစ်မှတ်ချိန်ထားသည့် အမှတ်အသားများနှင့် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ရာနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - Saw Kaw/FB)

“ပစ်မှတ်နေရာမှာ ရွာအမည်၊ အကွာအဝေး၊ ဒီဂရီတွေကို တစ်ခါတည်းရေးထားတာ”

ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ လက်ခတ်တောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသတွင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ရန် ပစ်မှတ်ချိန်ထားသည်ကို တွေ့ရကြောင်း ကော်ဘရာစစ်ကြောင်း စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။

လက်ခတ်တတောင်တာဝါတိုင်စခန်းကုန်းအား ကော်ဘရာစစ်ကြောင်းပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၀ရက်တွင် စတင် တိုက်ခိုက်ခဲ့ရာ ၂၅နာရီခန့်အကြာ ဇူလိုင် ၂၁ရက် နံနက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

“လက်နက်ကြီး ပစ်မှတ်က တော်တော်ယုတ်မာတဲ့ စစ်တပ်လို့ပဲ ပြောရမယ်။ လက်ခတ်တောင် ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတော်တော်များများကို ပစ်မှတ်ထား ချိန်ထားတာပဲ”ဟု ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူးက ၎င်း၏ Facebookတွင် ရေးသားဖော်ပြသည်။

စခန်းသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ရာ နေရာအနီး၌ တွေ့ရသည့် အမှတ်အသားများပါသော ဓာတ်ပုံမှတ်တမ်းကိုလည်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်စောကော်အား မေးမြန်းရာ စစ်ကောင်စီတပ်အနေဖြင့် ကျေးရွာများအား ၎င်းတို့ ပစ်ခတ်လိုသည့် အချိန်၌ ချက်ချင်း ပစ်ခတ်နိုင်ရန် ပြင်ဆင်ထားသည်ဟု ပြောသည်။

“ပစ်မှတ်နေရာမှာ ရွာအမည် အကွာအဝေး ဒီဂရီတွေကို တစ်ခါတည်းရေးထားတာ”ဟု ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့၏ အခြားတပ်စခန်းကုန်းများ၌လည်း ယခုကဲ့သို့ပင် လုပ်ဆောင်ထားမည်မှာလည်း သေချာကြောင်း ပြောပြသည်။

“ဒီလက်ခတ်တောင် တာဝါတိုင် စခန်းကုန်းက အဝေးက ကြည့်ရင် ဘုရားကုန်းသာသနာ့နယ်မြေလို့ ထင်ရပေမယ့် အပေါ်မှာတော့ ဆောက်ထားတဲ့ အဆောက်အဦးတွေက ဗျူဟာကုန်းတစ်ခုလိုပဲ”ဟု ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူးက ပြောသည်။

လက်ခတ်တောင်စခန်းနေရာသည် စစ်ရေးဗျူဟာအရ အရေးပါသည့် နေရာဖြစ်ကြောင်း၊ လက်ခတ်တောင် စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး လက်နက်ခဲယမ်းများ အပါအဝင် စစ်အသုံးအဆောင်များကို သိမ်းဆည်းရရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်အနေဖြင့် KNU နယ်မြေများ အထူးသဖြင့် KNU တပ်မဟာ(၆)၊ တပ်မဟာ(၅)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများ၌ ဒေသတွင်းရှိ ကျေးရွာများကို ပစ်မှတ်ထား၍ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။