Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် အနုကြမ်းစီးမှုဖြစ်ပြီး နေ့စေ့လစေ့ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရ

ယနေ့(သြဂုတ် ၁၀ရက်) ညနေ ၃နာရီခန့်က အဆိုပါ နေအိမ်ရှိ အိမ်ရှင်အမျိုးသမီး အသတ်ခံရပြီး သူမသည် ရက်ပိုင်းအတွင်း သားဦးမွေးဖွားတော့မည့် ကိုယ်ဝန်ဆောင်အမျိုးသမီးဟု မြို့ခံများက ပြောသည်။

မုံရွာမြို့တွင် အနုကြမ်းစီးမှုဖြစ်ပြီး နေ့စေ့လစေ့ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရ
မုံရွာမြို့တွင် အနုကြမ်းစီးမှုဖြစ်ပြီး နေ့စေ့လစေ့ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ် အနုကြမ်းစီးမှုဖြစ်ပွားပြီး အိမ်ရှင် နေ့စေ့လစေ့ကိုယ်ဝန်ဆောင်အမျိုးသမီး သတ်ပြီး ပစ္စည်းများယူဆောင်သွားကြောင်း မြို့ခံများက ပြောသည်။

ယနေ့(သြဂုတ် ၁၀ရက်) ညနေ ၃နာရီခန့်က အဆိုပါ နေအိမ်ရှိ အိမ်ရှင်အမျိုးသမီး အသတ်ခံရပြီး သူမသည် ရက်ပိုင်းအတွင်း သားဦးမွေးဖွားတော့မည့် ကိုယ်ဝန်ဆောင်အမျိုးသမီးဟု မြို့ခံများက ပြောသည်။

အဆိုပါ နေအိမ်ရှိ ဖုန်းနှစ်လုံး၊ ဆိုင်ကယ်(ကလစ်)တစ်စီးတို့အား ယူဆောင်သွားကြောင်း နီးစပ်သူများက ပြောသည်။

“ဓားပြတိုက်ပြီး မွေးခါနီး ၃ရက်အလို ကိုယ်ဝန်ဆောင်သည်ကိုပါ သတ်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အသတ်ခံရသည့် အမျိုးသမီးသည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်က မင်္ဂလာသက်တမ်း(၁)နှစ်ပြည့်ခဲ့ခြင်းဖြစ်ပြီး လာမည့်သြဂုတ် ဒုတိယပတ်အတွင်း သားဦးယောကျာ်းလေး မွေးဖွားမည်ဖြစ်သည်။

ဖြစ်စဥ်အသေးစိတ်ကို လူထုနွေဦးက ဆက်လက်စုံစမ်းနေပြီး အနုကြမ်းစီးသတ်ဖြတ်သည့်ဖြစ်စဥ်၌ ကျူးလွန်သူမည်မျှပါရှိသည်ကို မသိရသေးပေ။

အာဏာသိမ်းပြီးကတည်းက မုံရွာမြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်စွဲရာအနီး၌ပင် ဓားပြတိုက်မှုများဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

“အခုက မုံရွာမှာက ဓားပြတိုက်တာတွေ နေ့စဥ်လိုဖြစ်နေတာ။ အမှိုက်ကောက်တဲ့လူရဲ့ဆိုင်ကယ်တောင် ချမ်းသာမပေးတော့ဘူး။ ခိုးဆိုးလုနှိုက်တွေ ပေါတယ်။”ဟု မုံရွာမြို့ခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ရက်ကလည်း မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်ရှိ “ချမ်းမြေ့သုခ” ကုန်စုံဆိုင် ဓားပြတိုက်ခံရပြီး ဓားဖြင့်ပါ အခုတ်ခံရသောကြောင့် ဆိုင်ရှင်လင်မယားနှစ်ဦးလုံး ဆေးရုံရောက်ကာ အမျိုးသားဖြစ်သူ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေဘေးသင့်ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို တော်လှန်ရေးရဲဘော်တွေက လှေနဲ့ကယ်ထုတ်ပြီး ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ကားလမ်းဖြတ်ကူးနေစဉ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

နှုတ်ခမ်းမွေးဆိုတဲ့ နာမည်ပြောင်နဲ့ လူသိများတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ Te Achaewက ထိုင်းအစိုးရ အနေနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် အခြေအနေ နှစ်ရပ်ကို ပြန်လည် စဉ်းစားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။