Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် မီးဘေးသင့်ပြည်သူများ လှူဒါန်းမည့်သစ်များခိုးယူသည့် စစ်တပ်အား တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

သြဂုတ် ၆ ရက် နံနက် ၇နာရီခန့်က ယင်းမာပင်မြို့နယ်တွင် အင်အား ၁၀၀ပါ စစ်ကြောင်းသည် စည်သူရွာနှင့်သံဘိုကျေးရွာကြားအရောက်တွင် ULF မဟာမိတ်တပ်ပေါင်းစုနှင့် ​ထိတွေ့မှုစတင်ဖြစ်ပွားခဲ့သည်။

(မီးဘေးသင့်ပြည်သူများလှူဒါန်းမည့်သစ်များ ခိုးယူလာသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဥ်)
(မီးဘေးသင့်ပြည်သူများလှူဒါန်းမည့်သစ်များ ခိုးယူလာသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဥ်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား လှူဒါန်းမည့်သစ်များ ခိုးယူလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၆ ရက် နံနက် ၇နာရီခန့်က ယင်းမာပင်မြို့နယ်တွင် အင်အား ၁၀၀ပါ စစ်ကြောင်းသည် စည်သူရွာနှင့်သံဘိုကျေးရွာကြားအရောက်တွင် ULF မဟာမိတ်တပ်ပေါင်းစုနှင့် ​ထိတွေ့မှုစတင်ဖြစ်ပွားခဲ့သည်။

နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အများအပြား သေဆုံးနိုင်သည်ဟုဆိုသည်။

နံနက် ၁၀နာရီခန့်တွင်လည်း စစ်ကောင်စီတပ်အား ထပ်မံတိုက်ခိုက်ခဲ့ပြီး ၁နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အထိနာ၍ မုံရွာ(ကျောက်စစ်ပုံ)အမြောက်တပ်နှင့် ရွှေတောင်ဦးကုန်းမှနေ၍ (၁၂၀) မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ULF(တပ်ပေါင်းစု)မှ ရဲဘော် ငါးဦးထိခိုက်ဒဏ်ရာရရှိပြီး အသက်(၁၈)နှစ်အရွယ် ရဲဘော်ငယ်လေး(ခ)ဝေယံအေး၊ (၂၄)နှစ်အရွယ် ဝက်ကြီး(ခ)နေဆန်းအောင်တို့ နှစ်ဦးကျဆုံးကာ တစ်ဦးပျောက်ဆုံးနေကြောင်း ULF(တပ်ပေါင်းစု)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တစ်ယောက်က ရင်ဆိုင်ပစ်ရင်းကျတာ။ တစ်ယောက်က လက်နက်ကြီးထိမှန်ကျတာပါ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထိုနေ့က စစ်အကောင်စီတပ်အား ငါးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာနမှ ​မြို့နယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများထောက်ပံ့ပေးနေသော ပြည်သူပိုင်သစ်များ ခိုးယူရန်လာရောက်သည့် စစ်ကြောင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ယင်းစစ်ဆင်ရေးကို ULF(တပ်ပေါင်းစု) KLG စစ်ကြောင်း ၊ Comrade စစ်ကြောင်း ၊ Alpha စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာ ခြောက်ရွာခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ဒေသခံတစ်ဦးက ပြောသည်။

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းမကြာခဏထိုးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။