Connect with us

Hi, what are you looking for?

သတင်း

NCAနှစ်ပတ်လည်ပွဲလုပ်မည့် စစ်ကောင်စီ၏ အစီအစဉ်မှာ နိုင်ငံရေး ၊ စစ်ရေးအကျပ်အတည်းဖြေလျော့ရန် ကြိုးပမ်းမှုဟု ယာယီသမ္မတပြော

ယခု အောက်တိုဘာ ၁၅ရက်တွင် ကျရောက်မည့် NCA နှစ်ပတ်လည် အခမ်းအနားကို စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

NCAနှစ်ပတ်လည်ပွဲလုပ်မည့် စစ်ကောင်စီ၏ အစီအစဉ်မှာ နိုင်ငံရေး ၊ စစ်ရေးအကျပ်အတည်းဖြေလျော့ရန် ကြိုးပမ်းမှုဟု ယာယီသမ္မတပြော
NCAနှစ်ပတ်လည်ပွဲလုပ်မည့် စစ်ကောင်စီ၏ အစီအစဉ်မှာ နိုင်ငံရေး ၊ စစ်ရေးအကျပ်အတည်းဖြေလျော့ရန် ကြိုးပမ်းမှုဟု ယာယီသမ္မတပြော

“သပ်လျှို သွေးထိုးတာတွေလည်း လုပ်ဆောင်မှာ အသေအချာပါပဲ။ ဒါကို ကျွန်တော်တို့ အထူးဂရုပြုဖို့ လိုပါတယ်”

ပျက်ပြယ်ပြီးဖြစ်သည့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA စာချုပ် (၈)နှစ်ပြည့် အခမ်းအနားကို ရန်သူစစ်ကောင်စီက လုပ်ဆောင်ရန် ကြံရွယ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ပြီး စစ်ကောင်စီက သွေးထိုးသပ်လျှိုမှုများ လုပ်ဆောင်လာခြင်းအား အထူးဂရုပြုရန် သတိပေးလိုက်သည်။

ယခု အောက်တိုဘာ ၁၅ရက်တွင် ကျရောက်မည့် NCA နှစ်ပတ်လည် အခမ်းအနားကို စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“ဒါက သူတို့အတွက် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်း တွေကို ရနိုင်သမျှ ဖြေလျော့ဖို့ ကြိုးစားလာတာပါပဲ”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီက တိုင်းရင်းသားအင်အားစု ခေါင်းဆောင်အချို့ကို လှည့်စားရန် သိမ်းသွင်းရန် ကြိုးစားနေသကဲ့သို့ တိုင်းရင်းသားအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ အကြားက ညီညွတ်မှုကို သပ်လျှို သွေးထိုးခြင်းများလည်း လုပ်ဆောင်လာမည်မှာ သေချာကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါကို ကျွန်တော်တို့ အထူးဂရုပြုဖို့ လိုပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ယခု ရက်ပိုင်းတွင် စစ်ကောင်စီသည် ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်ဟောင်းအချို့ကို ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် အဖွဲ့က စစ်ခေါင်းဆောင်နှင့်တွေ့ဆုံခြင်းသည် KNUနှင့် ပတ်သက်မှု လုံး၀မရှိကြောင်း KNUက ထုတ်ပြန်ထားသည်။

တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများအကြား သပ်လျှို သွေးခွဲခြင်း၊

နိုင်ငံသားတွေအချင်းချင်းကြား မယုံကြည်မှုနှင့် ပဋိပက္ခများ ဖြစ်အောင် ဖန်တီးခြင်းနည်းလမ်းများသည် စစ်အုပ်စုက အစဉ် လုပ်ဆောင်ခဲ့သည့် နည်းလမ်းများဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

“ဒါပေမယ့် လည်း စစ်အာဏာရှင် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ ဒီကနေ့ တော်လှန်ရေးအင်အားစုအသီးသီးဟာ စစ်အုပ်စု မထင်နိုင် မတွေးနိုင်လောက်အောင် ရင့်ကျက်မှုနဲ့ ညီညွတ်မှု ရှိထားပြီးဖြစ်တဲ့အတွက် စစ်အုပ်စုရဲ့ သပ်လျှို သွေးခွဲတဲ့လုပ်ရပ်တွေ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

တဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ် တိုင်းရင်းသားအင်အားစုများကြား က စုစည်းညီညွတ်မှုနှင့် ယုံကြည်မှုများကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားရမည်ဟုလည်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်