Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်တွင်စစ်​ကောင်စီရဲ ၆ ဦး AA ထံ လက်နက်ချ အလင်းဝင်

ရဲတပ်ဖွဲ့ဝင်‌ခြောက် ဦးသည် မြို့မရဲစခန်းမှ ဖြစ်သော်လည်း ကျောက်တော်မြို့ ကစ္ဆနဒီ တံတားဂိတ်တွင် တာဝန်ကျနေစဉ် AAထံ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်​ကြောင်းသိရသည်။

ကျောက်တော်တွင်စစ်​ကောင်စီရဲ ၆ ဦး AA ထံ လက်နက်ချ အလင်းဝင်
ကျောက်တော်တွင်စစ်​ကောင်စီရဲ ၆ ဦး AA ထံ လက်နက်ချ အလင်းဝင်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးသည် ရက္ခိုင့်တပ်တော်(AA) ထံလက်နက်ချ အလင်းဝင်သွားပြီးနောက် အဆိုပါစခန်းတွင် စစ်ကောင်စီက ဝင်ရောက်တပ်စွဲထားသည်။

“ကျော‌က်တော် ရဲစခန်းကရဲတွေ အလင်းဝင်လာပါတယ်။ ‌ခြောက်ဦးဖြစ်ပါတယ်။ သူတို့ အဆင်ပြေပါတယ်” ဟု AAနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

ရဲတပ်ဖွဲ့ဝင်‌ခြောက် ဦးသည် မြို့မရဲစခန်းမှ ဖြစ်သော်လည်း ကျောက်တော်မြို့ ကစ္ဆနဒီ တံတားဂိတ်တွင် တာဝန်ကျနေစဉ် AAထံ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်​ကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီက ကျောက်တော်မြို့နယ်အတွင်း ဖုန်းလိုင်းများဖြတ်တောက်ထားသလို အင်အားအများအပြားဖြင့် ကင်းလှည့်နေကြောင်း သတင်းရရှိသည်။ ကျောက်တော်ရဲစခန်း၌လည်း ဝင်ရောက်တပ်စွဲထားသည်။

Public Service Announcement

Public Service Announcement

“ကျန်တဲ့ရဲတွေ AA ဆီလက်နက်ချမှာစိုးလို့စခန်းထဲမှာ တပ်က ဝင် ထိုင်နေတယ်။ ကျန်တဲ့ရဲတွေကတော့ သူတို့ အဘနဲ့ သူတို့ ချောင်ပိတ်နေပြီ”ဟု မြို့ခံတစ်ဦးကပြောသည်။

ရက္ခိုင့်တပ်တော် AAက ၁၀၂၇ စစ်ဆင်ရေးကိုရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၃ရက်တွင် စတင်ခဲ့ပြီးနောက်ကျောက်တော်မြို့၊ အပေါက်ဝနယ်မြေရဲစခန်းမှ ရဲများသည် AA ထံ လက်နက်ချအညံ့ခံခဲ့သည်။နိုဝင်ဘာလ ၁၆ရက်တွင်လည်း ပေါက်တောမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရက္ခိုင့်တပ်တော်(AA) ထံ လက်နက်ချ အလင်းဝင်လာခဲ့သည်။လက်နက်ချအလင်းဝင်သူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ အကာအကွယ်ပေးသွားမည်ဖြစ်ပြီး လက်နက်ချအညံ့မခံသောစခန်းများကို တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဟု ရက္ခိုင့်တပ်တော်(AA) က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။