Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီရေတပ် လက်နက်ကြီးဖြင့် ကျေးရွာများသို့ပစ်ခတ်၍ ကလေးငယ်အပါအဝင် သုံးဦးသေ၊ ၂၀ဦးဒဏ်ရာရ

ရွှေပြည်သစ်ကျေးရွာမှ တတိယတန်းကျောင်းသား တစ်ဦးဦးခေါင်းလက်နက်ကြီးစထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ကာ ၇ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟု Western Newsက ဖော်ပြသည်။

ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီရေတပ် လက်နက်ကြီးဖြင့် ကျေးရွာများသို့ပစ်ခတ်၍ ကလေးငယ်အပါအဝင် သုံးဦးသေ၊ ၂၀ဦးဒဏ်ရာရ
ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီရေတပ် လက်နက်ကြီးဖြင့် ကျေးရွာများသို့ပစ်ခတ်၍ ကလေးငယ်အပါအဝင် သုံးဦးသေ၊ ၂၀ဦးဒဏ်ရာရ

▪️စစ်ရေယာဉ်ကို AAက တိုက်ခိုက်၍ စစ်ကောင် စီက ကျေးရွာ ၆ရွာထက်မနည်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီတပ် ရေယာဉ်များက ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်၍ အသက် (၈)နှစ်ခန့်အရွယ် ကလေးငယ်အပါ အဝင်သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ထက်မနည်းရှိခဲ့ကြောင်း ရခိုင်ဒေသခံက ပြောသည်။

စစ်တွေမှ ကျောက်တော်မြို့သို့ ကုလားတန်မြစ်အတိုင်းလာသည့် စစ်ကောင်စီတပ်ရေယာဉ်ကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့၍ နိုဝင်ဘာ ၄ရက် နံနက်တွင် စစ်ရေယာဉ်များက မြစ်ဘေးဝဲယာရှိ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည် ဟု ဆိုသည်။

” စစ်တွေကနေ ပလက်၀ကိုသွားတဲ့ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကျောက်တော်မြို့နယ်ထဲမှာ ဖြစ်တာ။ ကုလားတန်မြစ်ရဲ့ ဝေးရာမှာရှိတဲ့ရွာတွေကို ပစ်တာ။သေဆုံးတဲ့သူက သုံးယောက်အထိ ရှိပြီးတော့ ဒဏ်ရာရတဲ့သူတွေက အယောက် ၂၀လောက်ရှိတယ်။ ကျောက်တော်မြို့နယ်ထဲကပဲ။ ရွာက တစ်ရွာတည်းတော့မဟုတ်ဘူး ရွာတွေက အများကြီးပါတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

ရခိုင်သတင်းဌာနများ၏ ဖော်ပြချက်အရ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် ကျေးရွာများမှာ ရွှေပြည်သစ်၊ ဝက်မှိုင်း၊ အုန်းပတီး၊ ပိန္နဲချောင်း၊ မြင်းကြပ်၊ လက်ဆောင်ကောက် စသည့် ကျေးရွာများနှင့် ပိုက်သည်ရပ်ကွက်မှ ဒေသခံများ ထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ရွှေပြည်သစ်ကျေးရွာမှ တတိယတန်းကျောင်းသား တစ်ဦးဦးခေါင်းလက်နက်ကြီးစထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ကာ ၇ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟု Western Newsက ဖော်ပြသည်။

ဒဏ်ရာရသူများတွင် ကလေးငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများပါဝင်သည်ဟု ဆိုသည်။

Border News Agency၏ ဖော်ပြချက်တွင် ဝက်မှိုင်းကျေးရွာမှ အမျိုးသမီးတစ်ဦး၊ ရွှေပြည်သစ်ရွာမှ အသက် (၈)နှစ်အရွယ် ကလေးတစ် ဦးနှင့် အသက် (၈၆)နှစ်အရွယ် အဘိုးအိုတစ်ဦးတို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Development Media Group ၏ ဖော်ပြချက်တွင် အုန်းပတီးရွာ မှ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သုံးဦးထက်မနည်းအသက်ဆုံးရှုံးခဲ့ရသည်။ ပိန္နဲချောင်းရွာမှ ၆ဦး၊ ပိုက်သည်ရပ်ကွက်မှ ၁ဦး ၊ မြင်းကြပ်ရွာ ၂ဦး ၊ လက်ဆောင်ကောက်ရွာမှ ၂ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်အနေဖြင့် AA နှင့်တိုက်ပွဲများ ဖြစ်ပွားပါကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၆ဦးသေဆုံးခဲ့ရပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။