Connect with us

Hi, what are you looking for?

သတင်း

ဘူးသီးတောင် ခမရ(၅၆၄)တပ်ရင်းကို ဧပြီလဆန်းမှ စတင်ထိုးစစ်ဆင်နေဟု AA ထုတ်ပြန်

မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်ရှိသော ကြောင့်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟုဆိုသည်။

(ရခိုင်ပြည်နယ်ရှိစစ်​ကောင်စီတပ်စခန်းများဆက်တိုက်ထိုးစစ်ဆင်သိမ်းယူ​နေ​သော ရက္ခိုင့်တပ်​တော်-AA။ ဓါတ်ပုံ-AA Info Desk)
(ရခိုင်ပြည်နယ်ရှိစစ်​ကောင်စီတပ်စခန်းများဆက်တိုက်ထိုးစစ်ဆင်သိမ်းယူ​နေ​သော ရက္ခိုင့်တပ်​တော်-AA။ ဓါတ်ပုံ-AA Info Desk)

▪︎အမ်းမြို့နယ် တောဟိန်းတောင်ဗျူဟာ နှင့် မောင်တော ကြိမ်ချောင်း နယ်ခြားစောင့်တပ်ခန်များကိုလည်း တိုက်ခိုက်

ရှိုင်း/People’s Spring

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိပြီး ယခုရက်များအတွင်း ဘူးသီးတောင် ၊ အမ်းနှင့် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်နေကြောင်း AAက ဧပြီ ၃ ရက်ညတွင် ထုတ်ပြန်သည်။

ဘူးသီတောင်၊ စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီ ရက်မှ စတင်တိုက်ခိုက်နေသကဲ့သို့ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့၊ မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြောင်း ဖော်ပြသည်။

မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်ရှိသော ကြောင့်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ရက္ခိုင်ပြည်နယ် မြေပုံမြို့နယ်၊စညှင်းကျေးရွာအရှေ့ရှိ စစ်ကောင်စီ တပ်စခန်း တစ်ခုကိုလည်း ဧပြီ ၂ရက်မှ စတင်ထိုးစစ်ဆင်လျက်ရှိပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူပေး ခုခံနေ၍ ထိုးစစ်အား တဆင့်ခြင်း အရှိန်မြှင့်လျက်ရှိသည်ဟု အသိပေးသည်။

မတ်လ ၃၁ရက်က အမ်းမြို့နယ် လုံးရွာ အနောက်ဘက် တစ်မိုင်ခန့် တောင်ကြောတွင် စစ်ကောင်စီနှင့် တစ်နာရီခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်ကမျက်မြင် ၄ဦးသေဆုံးခဲ့ဟု ထုတ်ပြန်သည်။

ရက္ခိုင်ဒေသ၌ စစ်ရှုံးနေသည့် စစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်လုပ်နေသည်ဟုလည်း ဖော်ပြသည်။ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိသည်ဟုလည်း ​ဖော်ပြထားသည်။

မတ်လ ၃၁ရက်ညက မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ မူလတန်းလွန် စာသင်ကျောင်းအား ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းလွန်စာသင်ကျောင်း နှင့် လူနေအိမ် (၄) လုံး ပျက်စီးသွားခဲ့သည်ဟုသိရသည်။ ဧပြီ ၂ရက်တွင်လည်း ကမ်းထောင်းကြီးမြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၍ ပြည်သူ ၃ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြကာ လူနေအိမ် နှစ်လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။