Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေးတိုင်း ငဖဲမြို့နယ်တွင် AA နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ မျက်မြင်လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က အသိပေးသည်။

(စစ်​ကောင်စီတပ်၏ ဗဟိုကင်းတစ်ခုတွင် ရက္ခိုင့်တပ်​တော်-AA အလံလွှင့်ထူထားစဥ်/ AAတပ်ဖွဲ့ဝင်များ နှင့် အမ်း၊ ငဖဲ မြို့ နယ်​မြေပုံ။ဓါတ်ပုံ-AA Info Desk)
(စစ်​ကောင်စီတပ်၏ ဗဟိုကင်းတစ်ခုတွင် ရက္ခိုင့်တပ်​တော်-AA အလံလွှင့်ထူထားစဥ်/ AAတပ်ဖွဲ့ဝင်များ နှင့် အမ်း၊ ငဖဲ မြို့ နယ်​မြေပုံ။ဓါတ်ပုံ-AA Info Desk)

▪︎ဘူးသီးတောင် တောင်ဘဇာစခန်းအား သိမ်းပိုက်

▪︎တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်အထိနာဟု AA အသိပေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် နယ်မြေထိစပ်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို မတ် ၂၆ ရက်နှင့် ၂၈ ရက်နေ့များတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က အသိပေးထုတ်ပြန်သည်။

မတ် ၂၆ ရက်တိုက်ပွဲမှာ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၁,၅၀၀)ခန့်အကွာသို့ အင်အား ၄၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ယင်းနေ့နံနက် ၁၀ နာရီ ၄၈ မှစတင်ပြီး နာရီ ဝက်ကြာ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ မျက်မြင်လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က အသိပေးသည်။

(စစ်​ကောင်စီတပ်၏ ဗဟိုကင်းတစ်ခုတွင် ရက္ခိုင့်တပ်​တော်-AA အလံလွှင့်ထူထားစဥ်/ AAတပ်ဖွဲ့ဝင်များ နှင့် အမ်း၊ ငဖဲ မြို့ နယ်​မြေပုံ။ဓါတ်ပုံ-AA Info Desk)
(စစ်​ကောင်စီတပ်၏ ဗဟိုကင်းတစ်ခုတွင် ရက္ခိုင့်တပ်​တော်-AA အလံလွှင့်ထူထားစဥ်/ AAတပ်ဖွဲ့ဝင်များ နှင့် အမ်း၊ ငဖဲ မြို့ နယ်​မြေပုံ။ဓါတ်ပုံ-AA Info Desk)

အလားတူ မတ် ၂၈ ရက်ကလည်း ငဖဲနယ်၊ ချောင်းဖျားရွာတောင်ဘက် မီတာ (၇၀၀)ခန့်အကွာရှိ တောင်ကြောသို့ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘင်မှ မျက်မြင်ခြောက်ဦးသေဆုံး၍ ၁၀ ဦးခန့် ထိခိုင်ဒဏ်ရာရသွားသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲအတွင်း ရန်သူ့လက်နက်နှင့်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်”ဟု ရခိုင့်တပ်တော်(AA)က အသိပေးသည်။

အထက်ပါ မကွေးတိုင်း၊ ငဖဲမြို့နယ် နှင့် နယ် မြေချင်းထိစပ်လျှက်ရှိသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်လည်း ရခိုင့်တပ်တော်(AA) က စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်(နပခ) တည်ရှိရာ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ မတ် ၂၆ ရက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုင်ပွဲတွင် စစ်ကောင်စီ၏ စကခ (၅) လက် အောက်ခံ ခမရ (၃၄၆)နှင့် တခြားတပ်များမှ စုပေါင်းထားသောစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား မတ် ၂၆ နံနက် ၁၀ နာရီ ၁၈ မိနစ်မှစတင်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀(နာရီဝက်)ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ရန်သူသည် ဒရုန်း၊ လေကြောင်းပစ်ကူ နှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သော်လည်း နာရီဝက်ခန့်တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၁၅) ဦးခန့်ကျဆုံးကာ (၁၅) ဦးခန့်ဒဏ်ရာရရှိခဲ့သည်”ဟု ရက္ခိုင့်တပ်​တော်က ထုတ်ပြန်သည်။

ထို့အပြင် တိုက်ပွဲအတွင်း ရန်သူ့လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး မိမိတို့ဘက်မှ တပ်ဖွဲ့ဝင်နှစ်ဦး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

(စစ်​ကောင်စီတပ်၏ ဗဟိုကင်းတစ်ခုတွင် ရက္ခိုင့်တပ်​တော်-AA အလံလွှင့်ထူထားစဥ်/ AAတပ်ဖွဲ့ဝင်များ နှင့် အမ်း၊ ငဖဲ မြို့ နယ်​မြေပုံ။ဓါတ်ပုံ-AA Info Desk)
(စစ်​ကောင်စီတပ်၏ ဗဟိုကင်းတစ်ခုတွင် ရက္ခိုင့်တပ်​တော်-AA အလံလွှင့်ထူထားစဥ်/ AAတပ်ဖွဲ့ဝင်များ နှင့် အမ်း၊ ငဖဲ မြို့ နယ်​မြေပုံ။ဓါတ်ပုံ-AA Info Desk)

“တိုက်ပွဲတွေက ပိုမိုပြီးတင်းမာလာနိုင်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ တော် လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်၊ ဆက်သွယ်ပြီး လုံခြုံရေးအခြေနေတွေကို ပူးပေါင်းဆောင် ရွက်စေချင်ပါတယ်။ စစ်ဆင်ရေးတွေအတွက်လည်း ရိက္ခာပိုင်း၊ စစ်သတင်းပိုင်းတွေမှာ ပူး ပေါင်းပါဝင်ကြဖို့ ပြောချင်ပါတယ်”ဟု AA နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်လျှက်ရှိသော ငဖဲအခြေစိုက် CDF-Asho တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သတင်းစကားပါးသည်။

အလားတူ ၎င်းတို့အနေဖြင့် ရခိုင့်တပ်တော် (AA)အပါအဝင် ညီနောင်တော်လှန်ရေးမဟာ မိတ်များနှင့် ပူးပေါင်းပြီး ပြည်သူလူထုစိတ် ကျေနပ်မှုရရှိစေမည့် စစ်ဆင်ရေးများဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြောင်း CDF-Asho တပ်ဖွဲ့က အသိပေးထားသည်။

ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် ရက္ခိုင်ပြည်နယ် ရှိမြို့နယ် ၈ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ပြီး ကျန်မြို့နယ်များရှိစစ်ကောင်စီတပ်စခန်းများကိုသိမ်းတိုက်ရန် ထိုးစစ်ဆင် နေသည့် အခြေအနေတွင် မကွေးတိုင်း ငဖဲမြို့နယ်တွင်လည်းရက္ခိုင့်တပ်​တော်က စစ်ကောင်စီတပ် စစ်​ကြောင်းကို တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။

ထိုအပြင် AAသည် မတ်လ ၂၅ရက်က ရက္ခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းအား သိမ်းပိုက်ရရှိခဲ့သည်ဟုအသိ​ပေးထားသည်။ ဘူးသီးတောင် ကျောက်ဖြူတောင်ရွာ၏ တောင်ဘက် တွင်လည်း ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ (၂၃၄) တပ်ရင်းမှ အင်အား (၅၀) ခန့်ရှိ စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီ တပ်က ၈ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတပ်၏ ဗဟိုကင်းတစ်ခုတွင် ရက္ခိုင့်တပ်​တော်-AA အလံလွှင့်ထူထားစဥ်/ AAတပ်ဖွဲ့ဝင်များ နှင့် အမ်း၊ ငဖဲ မြို့ နယ်​မြေပုံ။ဓါတ်ပုံ-AA Info Desk)
(စစ်​ကောင်စီတပ်၏ ဗဟိုကင်းတစ်ခုတွင် ရက္ခိုင့်တပ်​တော်-AA အလံလွှင့်ထူထားစဥ်/ AAတပ်ဖွဲ့ဝင်များ နှင့် အမ်း၊ ငဖဲ မြို့ နယ်​မြေပုံ။ဓါတ်ပုံ-AA Info Desk)

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ ရက္ခိုင်ပြည်နယ် အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် တွင်လည်း AAနှင့် စစ်ကောင်စီတို့ မတ်လ ၂၆ရက်က တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦး သေဆုံးကာ ၁၅ဦး ခန့် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း ရန်သူ့လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး AA ရဲဘော် ၂ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

AAနှင့် စစ်ကောင်စီတပ်တို့သည် မတ် ၂၈ ရက်က မြေပုံမြို့နယ်၊ လီသွန်ကျေးရွာ၏ အရှေ့မြောက်ဘက် တောင်ကြော၌လည်း မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။​မြေပုံမြို့ကို ရက္ခိုင့်တပ်​တော်က သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

AA အနေဖြင့် မောင်တောမြို့ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင် ရေးအတွက် ထိုးစစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့် တိုက်ခိုက်နေသည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူသုံး ခုခံနေသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။