Connect with us

Hi, what are you looking for?

သတင်း

ရမခစစ်တိုင်းဌာနချုပ်သိမ်းပိုက်ပြီး လားရှိုးမြို့ လုံး၀ လွတ်မြောက်ပြီဟု MNDAA ကြေညာ

တိုင်းစစ်ဌာနချုပ်အား ပထမဆုံးသိမ်းပိုက်နိုင်ခြင်းဖြစ်

လားရှိုး မြို့ အဝင် ဆိုင်းဘုတ်

ထားမြတ်၊မိထက်/People’s Spring

ရှမ်းမြောက် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယနေ့မနက်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ကြေညာသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၅ရက်မနက်တွင် MNDAA သတင်းပြန်ကြားရေးဌာနကသတင်းထူးအဖြစ် လားရှိုးမြို့ ရှေ့တန်းသတင်း ကို ဖော်ပြထားခြင်းဖြစ်သည်။

MNDAA ကြေညာချက်

“၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်”ဟု MNDAAက ထုတ်ပြန်သည်။

လားရှိုးမြို့သိမ်းတိုက်ပွဲကို ကိုးကန့်နှင့်မဟာမိတ်တပ်များက ဇူလိုင် ၃ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်တွင် မြို့သိမ်းတိုက်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက အပစ်ရပ်စဲရေး တောင်းဆိုထားသည့်ကြားမှ မြို့ကို သိမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ရောက်မှုရှိမရှိ၊ လက်နက်ခဲယမ်းများ ရရှိမှု ရှိ၊မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရမခ အတွင်းစစ်ကောင်စီ၏ ပွဲများ

MNDAA ဦးဆောင်သော ပူးပေါင်းတပ်တွင်ပါဝင်တိုက်ခိုက်နေသော BPLA ကွပ်ကဲရေးမှူး မောင် ဆောင်းခ ကလည်း “လက်ကျန််နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်ပါတယ်”ဟု ဇူလိုင် ၂၅ ရက် ၁၁ နာရီခွဲ ကျော်တွင် BPLA ရဲဘော်များက တပ်တော်အလံဖြင့် လားရှိုးမြို့ အဝင်ဆိုင်းဘုတ်အနီး ရိုက်ကူးထားသောပုံတင်၍ရေးသားထားသည်။

ယခု လားရှိုးစစ်တိုင်း ရမခဌာနချုပ်ကို သိမ်းနိုင်ခြင်းသည် တိုင်းရင်းသားတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်ကို ပထမဆုံးသိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

(လားရှိုး မြို့ အဝင် ဆိုင်းဘုတ် ၊ ရမခ အတွင်းစစ်ကောင်စီ၏ ပွဲများ ၊ ရမခ အမှတ်တံဆိပ် ၊ MNDAA ကြေညာချက် )

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။