Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ထပ်မံ ရှင်းလင်းနိုင်ဟု MNDAA အသိပေး

MNDAA သည် လားရှိုး ရပ်ကွက် (၈)မန်ဆူစေတီတွင် ခိုအောင်းနေသည့် စစ်ကောင်စီတပ် အကြွင်းအကျန်များကိုချေမှုန်းနိုင်ခဲ့ကြောင်း၊ ဇူလိုင် ၂၇ရက် မွန်းလွဲ ၃နာရီတွင် MNDAA တပ်က AD တိုးဂိတ်စခန်းကို သိမ်းနိုင်ခဲ့ကြောင်း၊ ဒေသတွင်းရှိ စစ်ကောင်စီ တပ်စခန်းလေးခု သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံမှတ်တမ်းဖော်ပြသည်။

လားရှိုးမြို့ တနေရာတွင် MNDAA ရဲဘော်များအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်း၊ မန်ဆူစေတီ၌ ခိုအောင်းနေသည့် စစ်ကောင်စီတပ်သားများကိုထပ်မံချေမှုန်းနိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

https://www.facebook.com/LuduNwayOo/videos/455163897479869

MNDAA သည် လားရှိုး ရပ်ကွက် (၈)မန်ဆူစေတီတွင် ခိုအောင်းနေသည့် စစ်ကောင်စီတပ် အကြွင်းအကျန်များကိုချေမှုန်းနိုင်ခဲ့ကြောင်း၊ ဇူလိုင် ၂၇ရက် မွန်းလွဲ ၃နာရီတွင် MNDAA တပ်က AD တိုးဂိတ်စခန်းကို သိမ်းနိုင်ခဲ့ကြောင်း၊ ဒေသတွင်းရှိ စစ်ကောင်စီ တပ်စခန်းလေးခု သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံမှတ်တမ်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

ADတိုးဂိတ် တပ်စခန်းသိမ်းပိုက်မှု အသိပေးချက်တွင် လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် လားရှိုးမြို့ဗီလာဧရိယာရှိ အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်များကို ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ရာ လက်နက်ခဲယမ်းများ စစ်အသုံးအဆောင်များ သိမ်းရကြောင်း အသိပေးသည်။

ထို့ပြင် MNDAA၏ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် ဒဏ်ရာရ စစ်ကောင်စီ သုံ့ပန်းများအား ဆေးကုသပေးခဲ့ကြောင်း ထုတ်ပြန်သည်။

နေရာဒေသနှင့် နေ့ရက်ကို ဖော်ပြမထားသော်လည်း MNDAA ဆေးဘက်ဝန်ထမ်းများက စစ်သုံ့ပန်းများအား ကုသပေးနေမှု မြင်ကွင်းရုပ်သံမှတ်တမ်းကို ဖော်ပြခဲ့သည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် မန်ဆူကျောင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့မှု အသိပေးချက်ကိုလည်း ရေးသားဖော်ပြသည်။

MNDAAသည် ဇူလိုင် ၂၅ရက်တွင် လားရှိုးမြို့သိမ်းနိုင်ပြီး အုပ်ချုပ်ရေးဖော်ဆောင်မည်ဟု အသိပေးခဲ့ပြီးနောက် လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုပြီးတစ်ခု သိမ်းပိုက်လျက်ရှိပြီး တပ်ရင်းဌာနချုပ်များလည်း သိမ်းယူနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။