Connect with us

Hi, what are you looking for?

News

တစ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် တပ်သားနှင့်ရဲ ၇၆၃ဦးရှိ

စက်တင်ဘာ၇ရက်မှ စတင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာသည့် တပ်သားနှင့်ရဲများနေ့စဉ် တိုးပွားလာနေကြောင်းလည်း NUGက ဆိုသည်။

တစ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရန်ဆက်သွယ်လာသော တပ်သားနှင့်ရဲ ၇၆၃ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (​အောက်တိုဘာ ၁၅)ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရမှ ခုခံတွန်းလှန်စစ်စတင်ပြီ ဖြစ်ကြောင်း ကြေညာသည့် စက်တင်ဘာ၇ရက်မှ စတင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာသည့် တပ်သားနှင့်ရဲများနေ့စဉ် တိုးပွားလာနေကြောင်းလည်း NUGက ဆိုသည်။

ထိုအနက် စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာ ၇ ရက်အထိ တပ်သား ၄၂၉ဦးနှင့် ရဲတပ်သား ၃၃၄ဦး ရှိသည်။

အဆိုပါ ကိန်းဂဏန်းသည် ပြည်သူ့ရင်ခွင် – People’s Embraceအဖွဲ့တစ်ခုထဲကို ဆက်သွယ်လာသော ကိန်းဂဏန်းများဖြစ်ပြီး လွတ်မြောက်နယ်မြေများနှင့်ပြည်သူ့ကာကွယ်ရေးတပ်များထံရောက်ရှိနေသော ပြည်သူ့ရင်ခွင်ခိုလှုံနေသည့် တပ်သားနှင့်ရဲများ၏ စာရင်းအချက်အလက်များ မပါရှိသေးကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏တပ်နှင့်ရဲဌာနများအတွင်းမှ နေ့စဉ် အရေးကြီးသတင်းပေးပို့နေသော ပြည်သူ့ဘက်တော် သားများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။