တစ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရန်ဆက်သွယ်လာသော တပ်သားနှင့်ရဲ ၇၆၃ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာ ၁၅)ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရမှ ခုခံတွန်းလှန်စစ်စတင်ပြီ ဖြစ်ကြောင်း ကြေညာသည့် စက်တင်ဘာ၇ရက်မှ စတင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာသည့် တပ်သားနှင့်ရဲများနေ့စဉ် တိုးပွားလာနေကြောင်းလည်း NUGက ဆိုသည်။
ထိုအနက် စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာ ၇ ရက်အထိ တပ်သား ၄၂၉ဦးနှင့် ရဲတပ်သား ၃၃၄ဦး ရှိသည်။
အဆိုပါ ကိန်းဂဏန်းသည် ပြည်သူ့ရင်ခွင် – People’s Embraceအဖွဲ့တစ်ခုထဲကို ဆက်သွယ်လာသော ကိန်းဂဏန်းများဖြစ်ပြီး လွတ်မြောက်နယ်မြေများနှင့်ပြည်သူ့ကာကွယ်ရေးတပ်များထံရောက်ရှိနေသော ပြည်သူ့ရင်ခွင်ခိုလှုံနေသည့် တပ်သားနှင့်ရဲများ၏ စာရင်းအချက်အလက်များ မပါရှိသေးကြောင်း သိရသည်။

Public Service Announcement
စစ်ကောင်စီ၏တပ်နှင့်ရဲဌာနများအတွင်းမှ နေ့စဉ် အရေးကြီးသတင်းပေးပို့နေသော ပြည်သူ့ဘက်တော် သားများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။


















































