Connect with us

Hi, what are you looking for?

သတင်း

MNDAAရည်ရွယ်ချက်မှာ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ပြီး ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ရန်ဟု စစ်သုံ့ပန်းများအား ရှင်းပြ

ကိုးကန့်တပ်ဖွဲ့(MNTJP/MNDAA)၏ နိုင်ငံရေး လမ်းကြောင်းဆိုင်ရာများကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို ရှင်းပြခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

MNDAA​၏ ရည်ရွယ်ချက်များအား စစ်သုံ့ပန်းများအား ရှင်းပြနေစဉ်။ ဓာတ်ပုံ - File Photo

ဟန်နွေ/People’s Spring

ကိုးကန့်တပ်ဖွဲ့(MNTJP/MNDAA)၏ နိုင်ငံရေး လမ်းကြောင်းဆိုင်ရာများကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို ရှင်းပြခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

လားရှိုးမြို့လွတ်မြောက်ရေးတိုက်ပွဲအတွင်း တိုက်ပွဲအစမှအဆုံးအထိ ထောင်နှင့်ချီသော မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သားများ လက်နက်ချအလင်းဝင်ခဲ့ရာ အဆိုပါ စစ်သုံ့ပမ်းများအား နိုင်ငံရေးလမ်းကြောင်းဆိုင်ရာများ ရှင်းပြခဲ့ဟု MNDAAက ထုတ်ပြန်သည်။

ဇူလိုင် ၃ရက်မှ ဩဂုတ် ၃ရက်အထိ တစ်လကြာသည့် လားရှိုးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ချီဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မဟာမိတ်တပ်ဖွဲ့သည် စစ်သုံ့ပန်းများအတွက် ဦးစားပေး ကောင်းမွန်စွာဆက်ဆံရေးမူဝါဒကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်လျက်ရှိဟု MNDAAက အသိပေးထားပြီး စစ်သုံ့ပန်းများ၏ အသက်ဘေးကင်းရေးနှင့် ၎င်းတို့၏ အခြေခံ အသက်မွေးဝမ်းကြောင်း အာမခံချက်၊ ဒဏ်ရာရ စစ်သုံ့ပန်းများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုသမှုများ ပေးအပ်ကာ စစ်သုံ့ပန်းများ၏ အယူဝါဒဆိုင်ရာ ပညာရေး၊ လမ်းညွှန်မှုနှင့် အသွင်ပြောင်းရေးတို့ကို တက်ကြွစွာ လုပ်ဆောင်ပေးလျက်ရှိဟု ဖော်ပြသည်။

အာဏာသိမ်းစစ်တပ်၏ စစ်သုံ့ပန်းများကို MNTJPပါတီ၏ ရပ်တည်ချက်၊ အဆိုပြုချက်များနှင့် နိုင်ငံရေး လမ်းကြောင်းဆိုင်ရာကို ရှင်းလင်း ပြောကြားခဲ့ရာ MNTJPပါတီသည် လူမျိုးကြီးဝါဒကို ပြတ်ပြတ်သားသား ဆန့်ကျင် ကြောင်း အသိပေးသည်။

ထို့ပြင် လူမျိုးစုအားလုံး တန်းတူညီတူ ညီတူမျှတူ၊ လွတ်လပ်၊ ဒီမိုကရက်တစ်၊ ယဉ်ကျေးပြီး သာယာဝပြောသော ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ရန် တွန်းအားပေးလျက်ရှိဟု ဖော်ပြသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး စစ်တပ်ကို အရပ်သားကွပ်ကဲအုပ်ချုပ်မှု ခံယူစေရေးကို တိုက်တွန်းဆော်ဩထားသည်ဟု ဆိုသည်။

တိုင်းရင်းသားတည်ရှိရာပြည်နယ်များ သို့မဟုတ် အထူးအုပ်ချုပ်ရေးဒေသများတွင် လွတ်လပ်သောအုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဘဏ္ဍာရေးစနစ်များရှိပြီး ဥပဒေပြုရေးအာဏာကို ရယူခံစားနိုင်ရန်ထောက်ခံကြောင်းလည်း MNDAAက ထုတ်ပြန်ခဲသည်။

၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲနေသည့် MNDAAသည် စစ်ဆင်ရေး ပထမပိုင်း၌ လောက်ကိုင်အပါအဝင် ကိုးကန့်ဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယပိုင်းတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို သိမ်းပိုက်ကာ အုပ်ချုပ်ရေးကို MNDAA၏ အထူးဒေသ(၁)က ဖော်ဆောင်မည်ဟု အသိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဆောင်းပါး

AFTA ဆိုတာကို တစ်ခွန်းတည်းနဲ့ နားလည်အောင်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုလိုတာပါ။ အဲဒါကို ထပ်ပြီးရှင်ပြရရင် အချိန်ကာလတွေ ထည့်သွင်းလိုက်တဲ့အခါ ကြားကာလ ဒါမှမဟုတ် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုပြီး လက်ရှိနွေဦးတော်လှန်ရေးအပေါ်အခြေခံပြီး ကွဲပြားသွားကြတာပါ။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။