Connect with us

Hi, what are you looking for?

သတင်း

သားဖြစ်သူဓာတ်လိုက်တာကို ဝင်ကယ်တဲ့မိခင်ပါ အသက်ဆုံးပါး

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကံသာယာရပ်ကွက်နေအိမ် မှာ ဓာတ်လိုက်နေတဲ့ သားဖြစ်သူကို မိခင်က ဝင်ကယ်ရင်းသားအမိနှစ်ဦး သေဆုံးသွားတဲ့ ဖြစ်စဉ် ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့ထံကသိရပါတယ်။

ဓာတ်လိုက်ပြီး ဆုံးပါးသွားတဲ့ သားအမိနှစ်ဦးရဲ့ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးဆီပို့ဆောင်စဉ်

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကံသာယာရပ်ကွက်နေအိမ် မှာ ဓာတ်လိုက်နေတဲ့ သားဖြစ်သူကို မိခင်က ဝင်ကယ်ရင်းသားအမိနှစ်ဦး သေဆုံးသွားတဲ့ ဖြစ်စဉ် ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့ထံကသိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ သြဂုတ်လ ၂၄ ရက် ည ၁၀ နာရီဝန်းကျင်က ကံသာယာရပ်ကွက် ၊ အကွက် (ဗ) ၂၇ က နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

သား ဖြစ်သူက နေအိမ်မှာ မီးကြိုးပေါက်ပြီး လျှပ်စစ်စီးနေတဲ့သံဇကာကို သွားကိုင်မိရာကနေ ဓာတ်လိုက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်လိုက်နေတဲ့ သားကို မိခင်ဖြစ်သူက ကယ်ဖို့ ဝင်ဆွဲရာမှာ မိခင်ပါ ဓာတ်လိုက်ပြီး နှစ်ဦးလုံး သေဆုံးခဲ့ရတာလို့ သိရပါတယ်။

သေဆုံးသွားတဲ့သား က အသက် ၂၅ နှစ်အရွယ်ရှိပြီး မိခင်ကတော့ အသက် ၅၀ ဝန်းကျင်လို့ သိရပါတယ်။ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းက မန္တလေး ဆေးရုံကြီး ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်းမန္တလေးမှာ အခုလို အလားတူ ဖြစ်စဉ်မျိုး ဖြစ်ခဲ့ပါသေးတယ်။

အောင်မြေသာစံမြို့နယ် ၊ မင်းတဲအီကင်းရပ်ကွက်က တိုက်ခန်းမှာ ရေပြတ်လို့ ရေလှောင်ကန်မှာ သားအမိ နှစ်ဦးရေဆင်းခပ်ချိန် ရေမော်တာကြိုးကနေ ဓာတ်လိုက်ပြီး ၁၀ နှစ်အရွယ် ကလေးငယ် ကန်ထဲ ပြုတ်ကျကာအသက်ဆုံးရှုံးခဲ့ရတာပါ။

အဲဒီဖြစ်စဉ်မှာတော့ သမီးဖြစ်သူ ရေလှောင်ကန်ထဲပြုတ်ကျသွားတာကို လိုက်ဆယ်တဲ့ မိခင် ပါ ဓာတ်လိုက်ခဲ့ပြီး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ စိတ်ဝေဒနာရှင် တစ်ဦး ဓာတ်တိုင်ပေါ် တွယ်တက်ခဲ့ရာက အပြင်းအထန် ဓာတ်လိုက်ပြီး ဦးခေါင်းပါ ပြတ်သွားခဲ့ကြောင်း သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အလှူပွဲလှည့်လည်နေတဲ့ ဆောင်းဘောက်ကားနဲ့ လျှပ်စစ်မီးကြိုးတိုက်မိပြီး လူနှစ်ဦးသေကာ နှစ်ဦး အရေးပေါ်ဆေးကုနေရတယ်လို့ ဒေသခံလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ဝိုင်ဖိုင်ကြိုးတပ်ဆင်‌တဲ့ ဆယ်ကျော်သက်အရွယ်လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။