Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ စိတ်ဝေဒနာရှင် ဓာတ်တိုင်ပေါ် တွယ်တက်၊ ဓာတ်လိုက်ပြီး ဦးခေါင်းပြတ်​သေဆုံး

ထိုင်းနိုင်ငံမှာ စိတ်ဝေဒနာရှင် တစ်ဦး ဓာတ်တိုင်ပေါ် တွယ်တက်ခဲ့ရာက အပြင်းအထန် ဓာတ်လိုက်ပြီး ဦးခေါင်းပါ ပြတ်သွားခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ စိတ်ဝေဒနာရှင် တစ်ဦး ဓာတ်တိုင်ပေါ် တွယ်တက်ခဲ့ရာက အပြင်းအထန် ဓာတ်လိုက်ပြီး ဦးခေါင်းပါ ပြတ်သွားခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၂၉ ရက်နေ့ မနက်အစောပိုင်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အဲဒီလို ဆိုးရွားတဲ့ သေဆုံးမှုမျိုး ဖြစ်ပွားခဲ့တာပါ။ နက်ခွန် ဖာနွမ် ပြည်နယ်ရဲ့ ဆရီ ဆွန်ခရမ် ခရိုင်ထဲက ဘန်ခါရွာထဲမှာ အသက် ၃၆ နှစ်အရွယ် အမျိုးသားဟာ ဓာတ်တိုင်ပေါ်ကို သူ့သဘောနဲ့သူ တွယ်တက်ခဲ့ပါတယ်။

ဓာတ်တိုင်ပေါ်မှာတော့ သူဟာ ပြင်းပြင်းထန်ထန် ဓာတ်လိုက်တာ ခံရပြီး တစ်ကိုယ်လုံး မီးစွဲလောင်သွားခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ ဦးခေါင်းပါ ပြတ်ထွက်သွားခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

နောက်ပိုင်းမှာတော့ ဆိုးဆိုးရွားရွား အခြေအနေ ဖြစ်နေတဲ့ သူ့ရဲ့ ရုပ်ကြွင်းကို အခင်းဖြစ်တဲ့ နေရာကနေ ရွှေ့ပြောင်းခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ သိန်ချိုင် အူပါသမ်ဆိုတဲ့ အမျိုးသားဖြစ်ပြီး စိတ်ဝေဒနာသည် တစ်ဦးလို့ သူ့ရဲ့ ဆွေမျိုးတွေက အတည်ပြုခဲ့ပါတယ်။

သူက ဓာတ်တိုင်ပေါ် တွယ်တက်သွားတာကို သတိထားမိတဲ့နောက် ရွာသားတွေက သိန်ချိုင်ကို ပြန်ဆင်းလာဖို့ အော်ဟစ် ပြောဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်တော့ သူဟာ ဓာတ်အား အရမ်းမြင့်တဲ့ ဓာတ်ကြိုးနဲ့ ထိတွေ့မိပြီး အပြင်းဓာတ်လိုက်ရင်း ခန္ဓာကိုယ် မီးစွဲလောင်သွားခဲ့တာပါ။ မီးကျွမ်းနေတဲ့ ခန္ဓာကိုယ်က ဓာတ်တိုင်ထိပ်မှာ ကျန်နေခဲ့ပြီး ဦးခေါင်းကတော့ မြေပေါ်ကို ပြုတ်ကျလာခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ သေမှုသေခင်း စစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေဆဲလို့ပဲ ပြောကြားထားပြီး အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။

ကိုးကား: Bangkok Post

ဓာတ်ပုံ – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook