Connect with us

Hi, what are you looking for?

သတင်း

တောင်ဥက္ကလာပမှာအမျိုးသမီး၁ဦးဓာတ်လိုက်သေဆုံး

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

ဓာတ်ပုံ - မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း

ဇွန်-၇၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

“မနက်က တောင်ဥက္ကလာ မှာ စိတ်မကောင်းခြင်းများစွာနဲ့ သယ်ရတဲ့ Dead Body ။ဖြစ်စဉ်ကသေဆုံးသွားတဲ့အန်တီက မနက်၇ နာရီဝန်းကျင် လမ်းလျှောက်ပီးအပြန် ဓာတ်လိုက်ပြီးဆုံးသွားတာ” လို့ အထက်ပါပရဟိတအသင်းက ရေးသားထားပါတယ်။

အဲဒီဖြစ်စဉ်က တောင်ဥက္ကလာပမြို့နယ် (၁၅)ရပ်ကွက်မြင်သာ(၁)လမ်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ သားဖြစ်သူလည်း မိခင်ကို ကယ်ရင်းဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်လိုက်ခံရတဲ့ အမျိုးသမီးက အခင်းနေရာမှာ သေဆုံးသွားတာကြောင့် အသင်းရဲ့ လူနာတင်ယာဉ်နဲ့ စံပြဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

ဒဏ်ရာရရှိသူကိုတော့ ဓမ္မစိန်ရောင်လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

“မိုးတွင်းသတိပြုစရာထဲမှာ မိမိအိမ်ရောမိမိ ပတ်ဝန်းကျင်မှာရော လျှပ်စစ် အန္တရာယ်ကိုသတိရှိကြဖို့ လိုအပ်ပါတယ်။” လို့ အဆိုပါအသင်းကသတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ မိုးရာသီ​ရောက်လာပြီဖြစ်ပြီး ယခုရက်ပိုင်းရန်ကုန်အပါအဝင်​ဒေသအများစုမှာ မိုး​ရွာသွန်းခဲ့ပါတယ် ။ ဓါတ်လိုက်​သေဆုံးမှု​တွေဟာမိုးရာသီမှာပိုအဖြစ်များပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။