Connect with us

Hi, what are you looking for?

ludunwayoo

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ပန်းညိုကျေးရွာမှ စာသင်ကျောင်းနှင့် နေအိမ် ၅၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDSOM)က ထုတ်ပြန်သည်။

သတင်း

ပျောက်ဆုံးနေတဲ့ မန္တလေးမြို့ခံ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးကို သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ပြီး ကျူးလွန်သူတွေကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ စားနပ်ရိက္ခာအဖွဲ့ကြီး(WFP) ဟာ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာနိုင်ငံ က လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို လာမယ့် ဧပြီလကစတင်ပြီး ရပ်ဆိုင်းရတော့မယ်လို့ ဒီနေ့ (မတ်လ ၁၄) ရက်မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အခုလ မော်စကို ခရီးစဉ် အတောအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ မြန်မာ စစ်တပ်အတွက် ထောက်လှမ်းရေးဆိုင်ရာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ၎င်း၏ ဇာတိပန်းတနော်မြို့တွင်စစ်ကောင်စီအတွက်စစ်သားစုဆောင်းရေး အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံများအား ဖိအားပေးနေသောကြောင့်မြို့ခံလူငယ်များထွက်ပြေးတိမ်းရှောင်နေကြရသည်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းနှင့် ဗန်းမော်အကျဥ်းထောင်များရှိ အကျဉ်းသားများ၊ ပြစ်ဒဏ်ကျ စစ်သားနှင့်ရဲများအား စစ်ကောင်စီက လက်နက်ကိုင်ခိုင်းပြီး တိုက်ပွဲများတွင် အသုံးပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြေပြင်အငြင်းပွားမှုအချို့ကြောင့် ဒေသခံပြည်သူများသာမက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူလူထုတရပ်လုံး စိုးရိမ်ပူပန်မှုများဖြစ်ပေါ် နေပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA)နှစ်ဖက်အဖွဲ့ ခေါင်းဆောင်များတွေ့ဆုံညှိနှိုင်းပါက ပြဿနာအများစုပြေလည်လိမ့်မည်ဟု နားလည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(မတ်လ ၁၄ရက်) မေတ္တာရပ်ခံ ထုတ်ပြန်သည်။

သတင်း

▪︎၂၀၂၅ မှာအခြေခံစားကုန်တွေ ၃၀ ရာခိုင်နှုန်း စျေးထပ်တက်နိုင်တယ်လို့ဆို People’s Spring မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ အကြီးအကျယ် စိုးရိမ်ရလောက်တဲ့ အခြေအနေမျိုးထိ စားနပ်ရိက္ခာရှားပါးမှုပြဿနာနဲ့ကြုံနေကြောင်း ကုလသမဂ္ဂ(UN)ကသတိပေးပြောကြားခဲ့ပါတယ်။ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ...

သတင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမီးရှို့မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ဒေသခံပြည်သူ ၅,၀၀၀ကျော်အတွက် အစားအသောက်၊ ရေသန့်နှင့်ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ် ပူလူတူ စစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

Facebook