Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်က ရဲတစ်ဦး မုံရွာပကဖထံ အလင်းဝင်

မုံရွာ-မန္တလေးလမ်းပေါ် စစ်တပ်ဂိတ်က တပ်သားသစ်တစ်ဦးလည်း လက်နက် ၃ လက်နဲ့ PDF ထံ အလင်းဝင်

ဓာတ်ပုံ-မုံရွာပကဖ

ဇူလိုင်-၂၁၊ ၂၀၂၅။ ဇေအောင်/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မရဲစခန်းက ရဲဒုတပ်ကြပ်တစ်ဦး မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်လာခဲ့ပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့၊ မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲဒုတပ်ကြပ် တစ်ဦးဟာ ဒီကနေ့ ဇူလိုင် ၂၁ ရက်မှာ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တိုက်နယ် (၃) ပကဖ ထံသို့ လက်နက်မပါဘဲ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

အလင်းဝင် ရဲဒုတပ်ကြပ်နဲ့ စစ်မှုထမ်း တပ်သားသစ်ယူဆောင်လာတဲ့ သေနတ် ၃ လက်ကို တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာပကဖ၊ Golden Target Force (GTF)အဖွဲ့

“သူအလင်းဝင်တာက မြေပြင်ချိတ်ဆက်မှုလို့ပဲ လောလောဆယ်ပြောလို့ရပါတယ်။ နယ်ကျော်အလင်းဝင်တာက အရင်ကလည်းရှိတယ်။ သတင်းမထုတ်ပြန်ခဲ့တာဗျ။”လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ မုံရွာ-မန္တလေးလမ်းပေါ်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ဂိတ်က အဓမ္မ စစ်မှုထမ်းခံရတဲ့ တပ်သားသစ်တစ်ဦးလည်း သေနတ် ၃ လက်နဲ့အတူ အလင်းဝင်လာကြောင်း Golden Target Force (GTF)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဂန်းတွေက သူက မနိုင်လို့ ဖွတ်ထားခဲ့တာ။ ကျနော်တို့ အဲ့ငါးယှန်ဂိတ်နဲ့ဆို တစ်မိုင်ဝန်းကျင်လောက်ပဲ ဝေးတော့မယ်။ အဲ့ထိ ပိုက်စိပ်တိုက် လိုက်ရှာရတာပေါ့။ ညတုန်းက ဖွတ်ထားခဲ့တာဆိုတော့ သိပ်မမှတ်မိတော့ ရှာတာတော့ နည်းနည်းအချိန်ပေးလိုက်ရတယ်။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အလင်းဝင်တပ်သားဟာ MA-1 ၃လက်၊ ကျည်ဘောက်(၂)ဘောက်၊ 5.56 ကျည်(၂၀)ကို ယူဆောင်လာလို့ ဂုဏ်ပြုဆုငွေ ပေးနိုင်ဖို့ စီစဥ်နေကြောင်း သိရပါတယ်။

ဇူလိုင် ပထမလဝက်အတွင်းကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ အဓမ္မစစ်မှုထမ်းခံရတဲ့ တပ်သားသစ် (၇)ဦးဟာ ဒေသကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလိုသူတွေကို အကူအညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း အလင်းဝင်လာတဲ့ စစ်သား ၁၀၀ ဦး၊ ရဲ ၅ ဦး၊ ပြည်သူ့စစ် ၆ ဦး စုစုပေါင်း ၁၁၁ ဦးရှိကြောင်း၊ အလင်းဝင် စစ်သားတွေအနက် ၅၂ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။