Connect with us

Hi, what are you looking for?

သတင်း

တရုတ်ထုတ်လက်နက်ခဲယမ်း​တွေကို PDF ​တွေသိမ်းဆည်းရရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့​တွေကဇူလိုင်လ ၂၀ရက်နေ့မှာ မန္တ​လေးမြို့ လပခ နဲ့ ၁၅ မိုင်ဝန်းကျင်အကွာအ​ဝေးမှာရှိတဲ့ မတ္တရာမြို့နယ်ထန်းပင်ကုန်းရွာ၊ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းရွာ၊ မြကန်သာရွာ​တွေကတပ်စခန်း​တွေအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေထဲမှာ တရုတ်နိုင်ငံထုတ် လက်နက်ခဲယမ်း​သေတ္တာ အများအပြားသိမ်းဆည်းရရှိတာကို ရှားရှားပါးပါး​တွေ့ရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့​တွေကဇူလိုင်လ ၂၀ရက်နေ့မှာ မန္တ​လေးမြို့ လပခ နဲ့ ၁၅ မိုင်ဝန်းကျင်အကွာအ​ဝေးမှာရှိတဲ့ မတ္တရာမြို့နယ်ထန်းပင်ကုန်းရွာ၊ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းရွာ၊ မြကန်သာရွာ​တွေကတပ်စခန်း​တွေအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေထဲမှာ တရုတ်နိုင်ငံထုတ် လက်နက်ခဲယမ်း​သေတ္တာ အများအပြားသိမ်းဆည်းရရှိတာကို ရှားရှားပါးပါး​တွေ့ရပါတယ်။ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေထဲမှာ တရုတ်အစိုးရပိုင် NORINCO(China North Industries Corporation) ထုတ် လက်နက်ခဲယမ်း​​​​သေတ္တာ​အနည်းဆုံး ၁၃ လုံးသိမ်းဆည်းရရှိတာကိုသတင်းဓါတ်ပုံ​တွေမှာတွေ့ရတာပါ။

Norincoလို့ အတိုကောက်ခေါ်လေ့ရှိတဲ့ China North Industries Group Corporationဟာ တရုတ် အစိုးရက ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ Norincoဟာ မြန်မာ စစ်တပ်အတွက် စစ်အသုံးအဆောင်တွေကို ထောက်ပံ့ပေးနေပါတယ်။ ၂၀၁၇ တုန်းကတော့ Norincoဟာ မြန်မာ စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်တစ်ခုကိုပါ လက်မှတ် ရေးထိုးခဲ့ပါတယ်။

Norincoဟာ တပ်ဖွဲ့ဝင်တွေကို တင်ဆောင်မောင်းနှင်နိုင်တဲ့ သယ်ယူပို့ဆောင်ရေး သံချပ်ကာယာဉ် (APC)တွေကိုလည်း မြန်မာစစ်တပ်အတွက် ထုတ်လုပ်ပေးခဲ့ဖူးပြီး စစ်တပ်က တိုင်းရင်းသား ဒေသတွေမှာ အသုံးပြုခဲ့ပါတယ်။ ကုလသမဂ္ဂ (UN)ကမြန်မာစစ်တပ်ဟာ အဲဒီဒေသတွေမှာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ထိခိုက် အန္တရာယ်ပေးတဲ့ ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။

Norincoဟာ မြန်မာစစ်တပ်ကို MBT 2000 အမျိုးအစား တင့်ကားကြီးတွေ၊ SH1 အမျိုးအစား လက်နက်ကြီး စနစ်တွေ၊ PTL02 အမျိုးအစား တင့်ဖျက် သံချပ်ကာ တိုက်ခိုက်ရေး ယာဉ်တွေကိုလည်း ရောင်းချပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Norincoဟာ Wabao (ဝမ်ပေါင်) သတ္တု တူးဖော်ရေး ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အဲဒီ ကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေပါတယ်။ ကြေးနီ စီမံကိန်းရဲ့သတ္တုတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးတာ၊ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိလာတဲ့အတွက် အဲဒီ ကုမ္ပဏီအပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

Norincoဟာ မြန်မာစစ်တပ်ပိုင် စီးပွားရေး ဦးပိုင် လီမိတက်နဲ့ ပူးပေါင်းပြီးလည်း ဖက်စပ် လုပ်ငန်း တစ်ခုကို ထူထောင်ထားပါတယ်။ Norincoနဲ့ ဦးပိုင်တို့ဟာ မိုးကြီး ဆာလဖျူရစ် အက်ဆစ် စက်ရုံကို ပူးတွဲ ရင်းနှီးမြှုပ်နှံပြီး လည်ပတ်နေတာ ဖြစ်ပါတယ်။

ကိုးကား-Burma Campaign UK

ဓါတ်ပုံ-မန္တ​လေး(PDF)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။