Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်ဒေသ ဌာနဆိုင်ရာနှင့် လုပ်ငန်းဆိုင်းဘုတ် ကြေညာချက်များကို မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ရေးသားရမည်ဟုသတ်မှတ်

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့် အထူးဒေသ(၁)အတွင်းရှိ ခရိုင်၊ မြိုနယ်၊ တိုင်းရှိ လုပ်ငန်းဆိုင်းဘုတ်များ၊ ကြေညာချက်များနှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာဆိုင်းဘုတ်များကို မြန်မာ၊တရုတ် နှစ်ဘာသာဖြင့်ရေးသားရမည်ဟု သတိပေးကြေညာထားကြောင်း MNDAAက ယနေ့(ဇူလိုင် ၂၁ရက်) ထုတ်ပြန်သည်။

အထူးဒေသ(၁)အတွင်းရှိ လုပ်ငန်းဆိုင်းဘုတ်များ၊ ကြေညာချက်များနှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာဆိုင်းဘုတ်များကို မြန်မာ၊တရုတ် နှစ်ဘာသာဖြင့်ရေးသားထားစဉ်။ ဓာတ်ပုံ - The Kokang

ဇူလိုင်-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့် အထူးဒေသ(၁)အတွင်းရှိ ခရိုင်၊ မြိုနယ်၊ တိုင်းရှိ လုပ်ငန်းဆိုင်းဘုတ်များ၊ ကြေညာချက်များနှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာဆိုင်းဘုတ်များကို မြန်မာ၊တရုတ် နှစ်ဘာသာဖြင့်ရေးသားရမည်ဟု သတိပေးကြေညာထားကြောင်း MNDAAက ယနေ့(ဇူလိုင် ၂၁ရက်) ထုတ်ပြန်သည်။

တရုတ်-မြန်မာနယ်စပ်ဖြစ်ပြီး ကိုးကန့် တိုင်းရင်းသားများသည် တရုတ်ဘာသာစကားကို အဓိက အသုံးပြုခြင်းဖြစ်သော်လည်း ယခုကဲ့သို့ မြန်မာ၊တရုတ် နှစ်ဘာသာဖြင့် ရေးသားရန် စီစဉ်ခြင်းမှာ အထူးဒေသ(၁)သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်း နေထိုင်ရာ ဒေသ ဖြစ်၍ဟု ဆိုသည်။

MNDAA ထုတ်ပြန်ချက်တွင် တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားရာ “အရင်ကဒီဖက် လောက်ကိုင်၊ ကွမ်းလုံ နှင့် ချင်းရွှေဟော် စတဲ့မြိုတွေမှာတရုတ်စာနဲ့ဘဲဆိုင်းဘုတ်တွေတင်ကြတာများပါတယ်။အခုမိမိတို့MNTJP/MNDAAအုပ်ချုပ်တဲ့အထူးဒေသ(၁)ဟာတိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်း နေထိုင်တဲ့ဒေသဖြစ်သည့်အတွက် ဆိုင်းဘုတ်တွေ၊ကြော်ငြာစာတွေမှာ မြန်မာစာပါထည့်သွင်း ရေးသားရမယ်ဆိုပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်တလောပိုင်းတွင်သိန္နီမြို၌ ဆိုင်းဘုတ်များကို တရုတ်ဘာသာဖြင့် ရေးရမည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင်းလည်း ၎င်းက ပြောသည်။

“အထူးဒေသ(၁)တစ်ခုလုံးမှာ မိမိတိုMNTJP/MNDAAတပ်ဖွဲဝင်တွေ၊ကိုးကန့်လူမျိုးတွေက ကျယ်ပြန့်စွာတပ်ဖြန့်၊နေထိုင်၊တာဝန်ထမ်းဆောင်နေရတဲ့အတွက်ကြောင့် ဒေသတစ်ခုလုံးမှာရှိတဲ့ ဆိုင်းဘုတ်တွေ၊ကြော်ငြာစာ‌တွေကို မြန်မာ၊တရုတ် နှစ်ဘာသာစလုံးနဲ့ရေးသားဖို သတ်မှတ် လိုက်တာဖြစ်ပါတယ်”ဟု တာဝန်ရှိသူက ပြောကြောင်း ဖော်ပြသည်။

ထို့အပြင် အဆိုပါသတ်မှတ်ချက်သည်လည်း အစိုးရဌာနအတွင်းပိုင်းတွင်သာ သတ်မှတ်ထားဟုဆိုသည်။ယခု သတိပေးကြေညာချက်ကို တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း လက်ရှိအနေအထားအရ အထူးဒေသတစ်ခုလုံးတွင် ကိုးကန့်လူမျိုးများအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသည့်အတွက်ကြောင့် အများပြည်သူများအား လွယ်ကူရိုးရှင်းစွာ သိရှိနားလည်နိုင်စေရန်အတွက် ဌာနဆိုင်ရာဆိုင်းဘုတ်တိုင်းတွင် မြန်မာ၊တရုတ် နှစ်ဘာသာဖြင့် ရေးသားရမည့်အချက်ကိုတော့ သတ်မှတ်ခဲ့ဟု MNDAA သတင်းများကို​ဖော်ပြ​ပေး​နေ​သော The Kokang ကဖော်ပြသည်။

ယခုသတင်းထုတ်ပြန်ချက်နှင့်အတူ အထူးဒေသ(၁)ရှိကျန်းမာရေးဌာန၊တရုတ်ရိုးရာဆေးရုံ၊ ဘဏ္ဍာရေးဌာန၊ ပြည်သူ့ ဆေးရုံ၊ ကားစင်တာ နှင့် အခြား လုပ်ငန်း ဆိုင်းဘုတ်များ၌ မြန်မာ -တရုတ် နှစ်ဘာသာဖြင့် ရေးသားထားသည့် မှတ်တမ်းဓာတ်ပုံများကိုလည်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ကိုးကန့်တပ်မတော်(MNDAA)တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ People's Spring ကို​ပြောပါတယ်။