Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်မှာကျဆုံးခဲ့ရတဲ့ မဝတ်ရည်အောင် ကို ရေဝေး ပို့ဆောင်

အင်းစိန်ထောင်မှာ ကျဆုံးသွားတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ရဲ့ရုပ်အလောင်း ကို အင်းစိန်ဆေးရုံကြီး ကနေ ရေဝေး သုဿန်အအေးခန်းဆီ ဒီနေ့ (ဇူလိုင် ၂၁) ရက်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က အသိပေးထားပါတယ်။

ဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်

ဇူလိုင် – ၂၁ ၊၂၀၂၅ /People’s Spring

အင်းစိန်ထောင်မှာ ကျဆုံးသွားတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ရဲ့ရုပ်အလောင်း ကို အင်းစိန်ဆေးရုံကြီး ကနေ ရေဝေး သုဿန်အအေးခန်းဆီ ဒီနေ့ (ဇူလိုင် ၂၁) ရက်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က အသိပေးထားပါတယ်။

နာရေးကိုတော့မနက်ဖြန် မှာ ပြုလုပ်မယ်လို့သိရပါတယ်။

ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ မဝတ်ရည်အောင်ဟာ မနေ့ (ဇူလိုင်လ၂၀ ရက်) မနက်ပိုင်းက အင်းစိန်ထောင် မှာ ကျဆုံးသွားတာပါ။

Public Service Announcement

Public Service Announcement

အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ဟာ စစ်ကြောရေးက နှိပ်စက်ညှင်းပန်းမှုဒဏ်၊ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန်မရတာတွေကြောင့် ဆုံးပါးတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဆိုပါတယ်။

စစ်ကြောရေးမှာနှိပ်စက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဦးနှောက်အကျိတ်တည်တာ ၊ တက်တာ ၊ သတိလစ်တာ စတဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ သတ္တဗေဒ-ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်အောင်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှာ အခြားကျောင်းသားငါးဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီး နိုင်ငံဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ်ချပါတယ်။

အဲဒီနောက်၂၀၂၃ခုနှစ် ၊ ဇွန်လ၂၇ရက်မှာ အကြမ်းဖက်ပုဒ်မ ပုဒ်မ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ်ထပ်ချတာကြောင့် မဝတ်ရည်အောင်ဟာ စုစုပေါင်းထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရတာပါ။

ထောင်ထဲမှာ မတရား ဖိနှိပ်မှု၊ အတင်းအဓမ္မ နှိပ်စက်မှု၊ ကျန်းမာရေး စောင့်ရှောက်ခွင့်မပေးတာတွေကို ခံစားနေရပြီး စစ်ကြောရေးရဲ့ အကြမ်း ဖက် နှိပ်စက်မှုတွေကြောင့် မဝတ်ရည်အောင်ဟာ ကျန်းမာရေးဆိုးဝါးနေပြီး စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၂၀၂၃ ခုနှစ်က ထုတ်ပြန်အသိပေးထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်