Connect with us

Hi, what are you looking for?

သတင်း

AAထံက ထွက်ပြေးသွားသူမှာ တရားခံပြေးဖြစ်ပြီး တပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ AA​ပြော

အာရက္ခတပ်တော်(AA)ထံကနေ ထွက်ပြေးသွားသူမှာ တရားခံပြေးတစ်ဦးဖြစ်ပြီး AAတပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ AAရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အသိပေးထုတ်ပြန်ပါတယ်။

ဇူလိုင်-၂၁၊ ၂၀၂၅။ခွန်ဖ/People’s Spring

အာရက္ခတပ်တော်(AA)ထံကနေ ထွက်ပြေးသွားသူမှာ တရားခံပြေးတစ်ဦးဖြစ်ပြီး AAတပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ AAရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အသိပေးထုတ်ပြန်ပါတယ်။

ထွက်ပြေးသွားသူမှာ အတာဖြစ်ပြီး မီဒီယာအချို့မှာ ဖော်ပြနေကြသလို ဗိုလ်ယက္ခ မဟုတ်ဘူးလို့လည်း ခိုင်သုခက ဆိုပါတယ်။

သူဟာ သံတွဲတိုက်ပွဲကာလတုန်းက တိုက်နယ်မှူးတွေရဲ့နောက်ကလိုက်ပြီးတော့ ထမင်းချက်တာ၊ ရိက္ခာ ပြောင်းပေးတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပိုင်းမှာ အဲဒါတွေ အခွင့်ကောင်းယူပြီး ဟိုတယ်ဇုန်တွေက ပစ္စည်းဖောက်ထွင်းခိုးယူတာတွေ အုပ်စုဖွဲ့ကျူးလွန်ခဲ့သူလို့ AAက ဆိုပါတယ်။ ဒါကြောင့် သက်ဆိုင်ရာအုပ်ချုပ်ရေးဘက်က လွန်ခဲ့တဲ့လထဲမှာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့တာလို့ ဖော်ပြပါတယ်။ စစ်ဆေးနေစဉ်ကာလမှာ ထောက်ပို့စခန်းမှာထားစဉ် ရေချိုးသွားတုန်း ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။

ထွက်ပြေးသွားသူဟာ တရားခံပြေးတစ်ဦးသာဖြစ်ပြီး တချို့သတင်းဌာနတွေ ဖော်ပြနေသလို ULA/AA အဖွဲ့ဝင် မဟုတ်ဘူးလို့လည်း ထပ်မံ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။