Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးမြို့အနီးက စစ်တပ်စခန်း​တွေကိုPDF ​တွေသိမ်းပိုက်

ဒရုန်းကားအပါအဝင်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ၊ဗိုလ်ကြီးအပါအဝင်စစ်သုံ့ပန်း၁၆ ဦးဖမ်းမိပြီး စစ်သား အ​လောင်း ၁၅​ ခုရ

သိမ်းဆီးရရှိတဲ့လက်နက်ခဲယမ်း​တွေ၊ဒရုန်း၊ဂျန်မာနဲ့ စစ်သုံးပစ္စည်း​​တွေ။ ဓါတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

ဇူလိုင် -၂၁၊၂၀၂၅။​မေ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့​တွေကဇူလိုင်လ ၂၀ရက်နေ့မှာမတ္တရာမြို့နယ်ထန်းပင်ကုန်းရွာနဲ့ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းရွာ၊ မြကန်သာရွာ​တွေကတပ်စခန်း​တွေအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။

တိုက်ပွဲများအတွင်းမှာစစ်တပ်က ဗိုလ်ကြီး(၁)ဦးအပါအဝင် သုံ့ပန်း(၁၆)ဦး ဖမ်းဆီးရမိခဲ့သလို ရန်သူ့အလောင်း ၁၅​လောင်းရရှိခဲ့တယ်လို့ ယ​နေ့ထုတ်ပြန်ပါတယ် ။

စစ်တပ်ထံက​နေ ဒရုန်းဂျမ်ဘာ ကားတစ်စီး ၊ ဒရုန်းနဲ့ဆက်စပ်ပစ္စည်း​တွေအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းဓါတ်ပုံ​တွေနဲ့တကွထုတ်ပြန်ပါတယ်။ လက်နက်မျိုးစုံ ၅၀ ​ကျော်နဲ့ ခဲယမ်း​တွေ ၊ဒရုန်း​တွေ ၊စစ်သုံးပစ္စည်းအများအပြားသိမ်းဆည်းရရှိတာကိုသတင်းဓါတ်ပုံမှာ​တွေ့ရပါတယ် ။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေထဲမှာ တရုတ်အစိုးရပိုင် NORINCO(China North Industries Corporation)ထုတ်လက်နက်ခဲယမ်း​​​သေတ္တာ​တွေသိမ်းဆည်းရရှိတာကိုလည်း​တွေ့ရပါတယ် ။

မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုထိုးစစ်ဆင်​နေတဲ့စစ်တပ်ရဲ့​နောက်တန်းအထိုင်စခန်း​တွေကိုဇူလိုင် ၂၀ ရက်မနက်ပိုင်းမှာ PDF ​တွေက တိုက်ခိုက်ခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ်။စစ်တပ်ဘက်က ​လေ​ကြောင်းက​နေ အကြိမ်​ရေများစွာဗုံးကြဲတာ ၊ပစ်ကူ​ပေးတာ​တွေလုပ်တဲ့ကြားကစခန်း​တွေအသိမ်းခံရတာဖြစ်တယ်လို့​ဒေသခံအချို့က​ပြောပါတယ် ။

ဒါအပြင်စစ်တပ်မှာထိခိုက်ဒဏ်ရာများရရှိသူ​တွေများပြားခဲ့တယ်လို့လည်းဆိုပါတယ် ။

အဆိုပါ စစ်ဆင်ရေးကို မန္တလေးPDF နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ၊ SSTF တပ်ဖွဲ့တို့မှ ပူးတွဲတိုက်ခိုက်ခဲ့တာလို့ မန္တ​လေးPDF အသိပေးထုတ်ပြန်ပါတယ် ။

စစ်ကောင်စီဘက်ကလည်း မြကန်သာရွာကို နောက်ဆုတ် ပေးလိုက်ရကြောင်းဝန်ခံထားပြီး အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ် တွေကရေးသား​နေကြပါတယ်။

ဒီနေ့(ဇူလိုင် ၂၁)အထိစစ်တပ်က ဒဏ်ရာရတဲ့သူတွေနဲ့စစ်သားတချို့ရဲ့အလောင်းသယ်ထုတ်နေပြီး မြကန်သာရွာရဲ့တောင်ဘက်ကထီးတော်မိုးစစ်သားစုဆောင်းရေးတပ်ကိုခံစစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်။

ထန်းပင်ကုန်းရွာဟာ မန္တလေးမြို့ နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နဲ့ ၁၅ မိုင်အကွာမှာရှိပါတယ် ။မြကန်သာရွာနဲ့ လပခဟာ ၁၄ မိုင်​ကျော်ကွာ​ဝေးသလို ၊သရက်ကိုင်းရွာ​ကလည်းလပခ နဲ့ ၁၆ မိုင်ဝန်းကျင် အကွာမှာတည်ရှိပါတယ်။ဒီရွာ​တွေဟာကြာနီကန်သုသာန် နဲ့ ထီးတော်မိုးရွာအနီးမှာတည်ရှိပါတယ်။ထီး​တော်မိုးရွာအနီးမှာ စစ်​ကောင်စီရဲ့ထီး​တော်မိုးစစ်သားစု​ဆောင်း​ရေးတပ်ရှိပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။