သတင်း
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းသောအခါ ငွေကြေးချမ်းသာသူများ၏သားသမီးများအား ကျပ်သိန်း ရာချီယူ၍ စာရင်းမှပယ်ဖျက်ပေးပြီး ချို့တဲ့သူများ၏ သားသမီးများအား ညအချိန် တွင်ပင်အိမ်ထဲ စီးနင်းဝင်ရောက်၍ဖမ်းဆီးနေကြောင်းဒေသခံပြည်သူများကပြောသည်။