Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် ထရမ့်ကို ထောက်ခံမယ်လို့ နေတန်ညာဟုပြော

ဒေါ်နယ်လ်ထရမ့်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် ထောက်ခံ တင်ပြသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

The White House

ဒေါ်နယ်လ်ထရမ့်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် ထောက်ခံ တင်ပြသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

မဟာမိတ် နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေ ဇူလိုင် ၇ ရက်နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံကြချိန်မှာ ဧည့်သည်ဖြစ်တဲ့ နေတန်ညာဟုက ထရမ့်ကို အဲဒီလို ပြောခဲ့တာပါ။ အဲဒီ တွေ့ဆုံမှုဟာ အစ္စရေးနဲ့ အီရန် စစ်ရေး ပဋိပက္ခ အတောအတွင်း အမေရိကန်က ကြားဝင်ခဲ့ပြီး အီရန် နျူကလီးယား စခန်းတွေကို ဗုံးကြဲခဲ့တဲ့နောက်ပိုင်း သူတို့နှစ်ယောက်ရဲ့ ပထမဆုံး လူချင်းတွေ့မှုလည်း ဖြစ်ပါတယ်။

ထရမ့်ကတော့ နေတန်ညာဟုနဲ့ စကားပြောဖြစ်တဲ့ အချိန်မှာ ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားအဖွဲ့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီဖို့ အလေးပေး တောင်းဆိုခဲ့ပါတယ်။

အိမ်ဖြူတော်က ခန်းဆောင်ပြာမှာ ညစာစားပွဲနဲ့ မတည်ခင်းခင် သတင်းထောက်တွေက ထရမ့်အနေနဲ့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း အားလုံးကို ဖိအားပေး ဖယ်ရှားသင့်တယ်လို့ ထင်သလားလို့ မေးမြန်းခဲ့ပါတယ်။ ထရမ့်ဟာ အဲဒီသဘောတရားမျိုးကို ကိုယ်တိုင် မှတ်ချက်ပေးခဲ့ဖူးပြီး နိုင်ငံတကာ ဝေဖန် တုံ့ပြန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ အခုမေးခွန်းကိုတော့ ထရမ့်က နေတန်ညာဟုက အစားထိုး ဖြေကြားပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဝန်ကြီးချုပ်ကတော့ ဒါကို လွတ်လပ်တဲ့ ရွေးချယ်မှုလို့ ရည်ညွှန်းနိုင်ကြောင်း၊ နေချင်တဲ့ သူတွေက ဆက်နေခွင့် ရှိသလို ထွက်သွားချင်တဲ့ သူတွေကိုလည်း ထွက်ခွာခွင့် ဖန်တီးပေးသင့်ကြောင်း၊ ဂါဇာဟာ အကျဉ်းထောင် တစ်ခု မဖြစ်သင့်ဘဲ ပြည်သူတွေအတွက် လွတ်လပ်စွာ ရွေးချယ်ခွင့်ရမယ့် ပွင့်လင်းတဲ့ နေရာတစ်ခု ဖြစ်ဖို့လိုကြောင်း ဖြေပါတယ်။ အဲဒီအတွက်လည်း အစ္စရေးဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ပါလက်စတိုင်းတွေကို လက်ခံမယ့် နိုင်ငံတွေကို ရှာဖွေနေကြောင်း၊ အဲဒီနိုင်ငံတွေ အနေနဲ့ သူတို့ ခဏခဏ ပြောထားတဲ့ စကားအတိုင်း ပါလက်စတိုင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်မျိုး ဖန်တီးပေးဖို့ အခွင့်အခါကောင်းမျိုး ရလာမှာဖြစ်ကြောင်း သူက ဆိုပါတယ်။ ပြီးတော့ အဲဒီ ရည်ရွယ်ချက်အတွက် နိုင်ငံတချို့ကို ရှာတွေ့လာဖို့ အတော်လေး နီးစပ်နေပြီလို့ ထင်ကြောင်းလည်း သူက မှတ်ချက်ပေးသွားပါတယ်။

ထရမ့်နဲ့ ဆွေးနွေးမှုတွေ စတင်ချိန်မှာတော့ နေတန်ညာဟုက ထရမ့်ဆီ စာတစ်စောင် ကမ်းပေးခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသတွင်းက ပဋိပက္ခတွေ တားဆီးရပ်တန့်ရေး ထရမ့်ရဲ့ အားထုတ်မှုတွေအတွက် သူက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီဆီမှာ ထရမ့်ရဲ့ နာမည်ကို စာရင်းသွင်း ထောက်ခံထားတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အစ္စရေးနိုင်ငံ တစ်ခုတည်းအတွက် မဟုတ်ဘဲ ဂျူးလူမျိုး အားလုံးကိုယ်စား ထရမ့်ရဲ့ အားထုတ်မှုတွေကို ကျေးဇူးတင်ကြောင်း ပြောလိုတယ်လို့လည်း နေတန်ညာဟုက ဆိုပါတယ်။ သူက ထရမ့်ဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုနဲ့ သေချာပေါက် ထိုက်တန်တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။

ထရမ့်က ဒီလို နွေးထွေးတဲ့ အပြုအမူမျိုးကို နေတန်ညာဟုလို ပုဂ္ဂိုလ်ဆီကနေ လက်ခံရရှိတဲ့အတွက် အရမ်း အဓိပ္ပါယ် ပြည့်ဝတယ်လို့ ခံစားမိကြောင်း ပြောပါတယ်။ ဒါပေမဲ့ နေတန်ညာဟုဟာ ဂါဇာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသူ ဖြစ်နေပါတယ်။

ထရမ့်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် နာမည်စာရင်းသွင်း ထောက်ခံမယ်လို့ ထုတ်ပြောတဲ့ အစိုးရနှစ်ခုထိ ရှိလာပါပြီ။ ဇွန်လထဲမှာ ပါကစ္စတန်ကလည်း ထရမ့်အတွက် အလားတူ ထောက်ခံသွားမယ် ဆိုတာမျိုး ထုတ်ပြောခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။