Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့အနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၊ လေးနှစ်အရွယ် ကလေးအပါအဝင် စစ်ဘေးရှောင် မိသားစုဝင်သုံးဦး သေဆုံး

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ လေးနှစ်အရွယ်ကလေး အပါအဝင် စစ်ဘေးရှောင် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုအား တွေ့ရစဉ်။ ဓာတ်ပုံ - PK Police

ဇူလိုင်-၈၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ လေးနှစ်အရွယ်ကလေး အပါအဝင် စစ်ဘေးရှောင် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

ယမန်နေ့(ဇူလိုင် ၇ ရက်)ည ၁၁ နာရီခန့်တွင် စစ်ကောင်စီက ပေါင် ၂ဝဝ ဗုံးလေးလုံးဖြင့် ကြဲချခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

စစ်ဘေးရှောင်သူများနေရာတွင် ပေါက်ကွဲခဲ့သော ဗုံးကြောင့် အသက် ၂၈နှစ် အမျိုးသား၊ အသက်၂၆နှစ် အမျိုးသမီး နှင့် လေးနှစ်အရွယ်ကလေး(မိန်းကလေး)သေဆုံးခဲ့သည်။ သေဆုံးသူ ပြည်သူသုံးဦးသည် မိသားစုဝင်များဖြစ်ကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ PK Police က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အသက် ၃၀နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိပြီး အခြားထိခိုက်သူ သုံးဦးရှိကြောင်းလည်း PK Police တာဝန်ရှိသူက အတည်ပြုသည်။

လေယာဉ်ကြဲပြီး မကြာမီ စစ်ကောင်စီ ဝါဒဖြန့်သူ များက PDF စခန်းဟု ခေါင်းစဉ်တပ်ပြီး လေယာဉ်ကြဲချမှုအပေါ် ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် လူမှုကွန်ယက်တွင် တင်ခဲ့သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

“စစ်ရှောင်စခန်းကို အကြမ်းဖက်သူပုန်စခန်းပါဆိုပြီး ခေါင်းစဉ်တပ်၊ ပြည်သူတွေကို သတ်ဖြတ်နေကြတာ၊ လက်နက်မရှိတဲ့ ငါတို့ ပြည်သူတွေကို အနိုင် ကျင့်နေကြတာ၊ ကျီးလန့်စား ဘဝနဲ့ ပြည်သူတွေဘဝပါကွာ”ဟု ဒေသခံတစ်ဦး၏ပြောဆိုချက်ကို PK Police က ဖော်ပြသည်။

ကရင်နီသတင်းရင်းမြစ်တစ်ဦးကလည်း “မနေ့က ည ပေါက်ကွဲတဲ့အသံက ဒီးမော့ဆိုဘက်အထိ ကြားရတယ်။ကြဲသွားတာက ဆလောင်းရွာ နားပဲ”ဟု လူထုနွေဦးသို့ပြောသည်။

လေယာဉ်ကြဲချတိုက်ခိုက်မှုများအနက် ပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုတွေ့ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။