Connect with us

Hi, what are you looking for?

သတင်း

မ်ိုးကုတ်နှင့်ကျောက်မဲမြို့ကို စစ်​ကောင်စီဗုံးကြဲ အနည်းဆုံးပြည်သူ ၄ ဦး​သေဆုံး

TNLA က ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့်ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့နံနက်ပိုင်း၌ တိုက်​လေယာဥ်နဲ့ ဗုံးကြဲရာ အရပ်သားအနည်းဆုံး ၄ သေဆုံးပြီးခဲ့ကြောင်းဒေသခံများကပြောသည်။

မိုးကုတ်မြို့တွင် ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-မိုးကုတ် GP ၊​ဒေသခံ

ဇူလိုင်-၈၊၂၀၂၅။ဇော်ရမ်း၊ရှိန်း/People’s Spring

TNLA က ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့်ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့နံနက်ပိုင်း၌ တိုက်​လေယာဥ်နဲ့ ဗုံးကြဲရာ အရပ်သားအနည်းဆုံး ၄ သေဆုံးပြီးခဲ့ကြောင်းဒေသခံများကပြောသည်။

ဇူလိုင် ၈ ရက်နေ့ နံနက် ၉နာရီ ၃၅မိနစ်ခန့်ကမိုးကုတ်မြို့အနောက်ပိုင်း၊ ‌​ဂေါင်းဦးဘာရပ်ရှိ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌စာသင်ကျောင်းအနီးကို ကိုယ်ပိုင်အထက်ပိုင်းကျောင်းအနီးကို စစ်ကောင်စီကပေါင် ၅၀၀ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့၍ အမျိုးသမီးအပါအဝင် ပြည်သူ အနည်းဆုံး ၃ ဦးသေဆုံးခဲ့​ပြီး ဒဏ်ရာရသူများလည်းရှိကြောင်းဒေသခံများကပြောသည်။

” ကျောင်းကိုတည်ပစ်တာထင်တယ်။ ကျောင်းကဖွင့်ထားပါ။ ကလေးတွေ အော်ဟစ်ငိုယိုနေတာ သနားဖို့ကောင်းတယ်။ သေဆုံးတဲ့အထဲ ကလေးမပါဘူးလို့တော့ကြားတယ်”ဟု မိုးကုတ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လူသေဆုံးမှုနှင့်ပတ်သက်၍ ၎င်းက ” လောလောဆယ် သုံးဦးအတည်ပြုနိုင်ပါတယ်။ဒဏ်ရာရတာတွေလည်းများတယ်။ ကျောင်းလည်းပျက်စီးတယ်အိမ်တွေလည်းပျက်စီးတယ်။ မှန်စ တွေကွဲပြီး အထိအခိုက်များတယ် “ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရသူများလည်းရှိပြီးအရေအတွက်ကို လတ်တလောအသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အခြား​ဒေသခံတဦးကလည်း “သုံးယောက် သေတယ်လို့ တော့သိရတယ်။နာရေး ကား တွေနဲ့လာခေါ်သွားလို့ ဘယ်သူ တွေမှန်းတော့ မသိရသေးဘူး”ဟုပြောသည်။

မိုးကုတ်မြို့တွင် ယ​နေ့ မနက်ပိုင်းကမိုးရွာနေပြီး ရာသီဥတုပိတ်မှောင်ကျ နေချိန်တွင် စစ်ကောင်စီတိုက်​လေယာဥ်က ပေါင်၅၀‌‌၀ ဗုံးနဲ့ ဗုံးကြဲသွားခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

မိုးကုတ်ကိုလေ ကြောင်းမှဗုံးမကြဲမီ နံနက် ၉နာရီခန့်တွင် ကျောက်မဲမြို့ကိုလည်း စစ်​ကောင်စီက​လေ​ကြောင်းမှဗုံးကြဲခဲ့ရာ အရပ်သားတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။

မိုးကုတ်နှင့် ကျောက်မဲမြို့အားဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုများကို မကြာမီသတင်းထုတ်ပြန်မည်ဟု TNLAက အသိပေးထားသည်။

စစ်ကောင်စီသည် ကျောက်မဲမြို့ကို ဇွန်လ ၂၄ရက်၊ ၂၇ရက်နှင့် ၂၉ရက်၊ ယဇူလိုင်လ ၆ရက်ကလည်း ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားငါးဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ နောင်ချိုမြို့အပါအဝင် တအာင်းတပ်မတော်(TNLA)ထိန်းချုပ်မြို့နယ်များကို စစ်ကောင်စီကလေကြောင်းမှ မကြာခဏတိုက်ခိုက်နေသည်။ ဇူလိုင်လ ၄ရက်ညကလည်း သီပေါမြို့ကိုစစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲခဲ့သည်။

ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကြောင့်တစ်ဖက်သတ်အပစ်ရပ်စဲထားမှုကိုရုတ်သိမ်းလိုက်ပြီဟု TNLAက ယမန်နေ့ ဇူလိုင်လ ၅ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် အသိပေးသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook