Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာလအတန်ကြာ ပျောက်ကွယ်နေတဲ့နောက် လူမြင်ကွင်းရှေ့ ပြန်ထွက်လာတဲ့ ရှီကျင့်ဖျင်

လူမြင်ကွင်းကနေ ကာလအတန်ကြာ ပျောက်နေခဲ့သလို ရာထူးက နုတ်ထွက်ဖို့ ဖိအားပေး ခံနေရတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က လူအများရှေ့ကို ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

Xinhua

လူမြင်ကွင်းကနေ ကာလအတန်ကြာ ပျောက်နေခဲ့သလို ရာထူးက နုတ်ထွက်ဖို့ ဖိအားပေး ခံနေရတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က လူအများရှေ့ကို ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ ရှီဟာ ကျူးကျော်သူ ဂျပန်ဖက်ဆစ်တပ်တွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်း အသက်ပေးလှူခဲ့တဲ့ တရုတ် အာဇာနည် စစ်သည်တွေကို သွားရောက် အလေးပြုခဲ့သလို တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်ထဲက ယန်ကွမ်ဒေသကို လှည့်လည် စစ်ဆေးခဲ့ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

ရှီဟာ အာဇာနည် ဗိမာန်မှာ လွမ်းသူ့ပန်းခြင်း ချခဲ့ပြီး အဲဒီ သမိုင်းဝင် စစ်ဆင်ရေး အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားတဲ့ ခန်းဆောင်အတွင်းထဲမှာလည်း လှည့်လည် ကြည့်ရှုခဲ့ပါတယ်။ ရှီဟာ ရှန်ရှီးမှာ ရှိနေချိန် အတောအတွင်း ဒေသခံ ကုန်ထုတ်လုပ်ငန်း စက်ရုံတစ်ခုကိုလည်း သွားရောက် စစ်ဆေးခဲ့ပါတယ်။

ရှီဟာ သူ့ရဲ့ သမ္မတ သက်တမ်းတလျှောက်မှာ ပထမဆုံး အကြိမ်အဖြစ် BRICSအဖွဲ့ ထိပ်သီး ညီလာခံကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့သလို ပြည်တွင်းမှာလည်း လူမြင်ကွင်းကနေ နှစ်ပတ် ဝန်းကျင်လောက် ပျောက်နေခဲ့တာကြောင့် သူနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။ BRICSဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကမ္ဘာ့စီးပွားရေး နယ်ပယ်မှာ ကြီးစိုးထားတာကို တန်ပြန်ဖို့ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ တောင်အာဖရိက၊ ဘရာဇီးတို့လို နိုင်ငံတွေက ဦးဆောင် ဖွဲ့စည်းထားတဲ့ စီးပွားရေးမိတ်ဖက် အစုအဖွဲ့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရှီရဲ့ နိုင်ငံခြားရေး မဟာဗျူဟာ အခင်းအကျင်းတွေမှာ BRICSဟာ အရေးပါတဲ့ အပိုင်းကနေ ပါဝင်နေတာကြောင့် ဘရာဇီးက ညီလာခံကို တက်ရောက်ဖို့ သူက ပျက်ကွက်ခဲ့တယ် ဆိုတာဟာ အတော်လေး ထူးဆန်းနေပါတယ်။ လူမှုကွန်ရက်တွေမှာတော့ ရှီဟာ နိုင်ငံရေးမှာ ဩဇာကျဆင်းလာနေပြီး တရုတ် ကွန်မြူနစ်ပါတီ (CCP)ဟာ သူ့ကို ပါတီဥက္ကဋ္ဌနဲ့ သမ္မတ ရာထူးတွေကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေပေမယ့် ရှီက ငြင်းဆိုထားကြောင်း ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရီယိုဒီဂျနေးရိုးမှာ ကျင်းပခဲ့တဲ့ BRICS ထိပ်သီး ညီလာခံဆီ တရုတ် ဝန်ကြီးချုပ် လီကျန်းက ရှီရဲ့အစား တက်ရောက်ခဲ့ပေမယ့်လည်း အဲဒီ အကြောင်းရင်းကိုတော့ တရုတ် အစိုးရက ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ရှီဟာ သမ္မတသက်တမ်း ၁၃ နှစ်အတွင်း ပြည်တွင်းပြည်ပ မူဝါဒတွေနဲ့ ပတ်သက်လို့ အခက်ခဲဆုံး ရုန်းကန်ရတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ကိုးကား: Global Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ယှဉ်ရင် တရုတ်နဲ့ ဆက်ဆံရတာကို ကမ္ဘာ့နိုင်ငံ အများအပြားက ပိုမိုလိုလားလာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား ဝန်ကြီးချုပ်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် တာရစ်ရာမန်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...