Connect with us

Hi, what are you looking for?

သတင်း

ကရင်၊မွန်နှင့်တနင်္သာရီဒေသရှိတော်လှန်ရေးအဖွဲ့များ စုစည်းနေကြပြီဟု PDF စစ်ဆင်ရေးမှူးပြော

“တော်လှန်ရေးအဖွဲ့အစည်းများတွေက စုစုစည်းစည်းလက်တွဲမယ်ဆိုရင် အောင်မြင်မှုကတော့ ရှိလာမှာပဲ”
— KNUမြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး

မွန်၊ ကရင်၊ တနင်္သာရီဒေသမှ​ တော်လှန်​ရေးတပ်ဖွဲ့မှ​​တာဝန်ရှိသူများနှင့် ​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ

ဇူလိုင်-၈၊၂၀၂၅။ထားမြတ်/People’s Sring

ကရင်၊မွန်နှင့်တနင်္သာရီ ဒေသရှိ တော်လှန်ရေးအဖွဲ့များအကြား ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးစုစည်းနေပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုကပြောကြားသည်။

မွန်၊ကရင်၊ တနင်္သာရီဒေသရှိ တိုင်းရင်းသားများနှင့်တွေ့ဆုံညှိနှိုင်းအဖြေရှာနိုင်ခဲ့မှု အခြေအနေနှင့်ပတ်သက်၍ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ဇူလိုင် ၇ရက်တွင်လူမှုကွန်ရက်မှအသိပေးခဲ့သည်။

“ကျနော်တို့ စုစည်းနေကြပြီဗျ မွန်ပြည်နယ် ကရင်ပြည်နယ် နဲ့တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးလုပ်နေတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆိုပေါ့၊ ကျနော်တို့ နယ်မြေခံ EROs(တိိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့များ) တော်လှန်ရေးတပ်တွေနဲ့ တပေါင်းတစည်းတည်း စုစည်းပြီးဆောင်ရွက်ရမှာဖြစ်တယ် ကျနော်တို့ တွေအခုအချိန်ဟာ စည်းလုံးရမယ်အချိန် ညီညွှတ်ရမယ့်အချိန်အတူ

Public Service Announcement

Public Service Announcement

တူလက်တွဲပြီးတိုက်ပွဲဝင်ရမယ့်အချိန်ဖြစ်တယ်။အရင်က ဘယ်လိုဘဲ့ဖြစ်ခဲဖြစ်ခဲ အခုချိန်လောက်ညီညွှတ်စွာလက်တွဲရမယ်အချိန်မရှိခဲ့ပါဘူး အခုအချိန်ကျလာပြီ။ပူးပေါင်းညီညွှတ်ကြဖို့ ညီ​နောင်တွေအားလုံးက သဘောတူကြတယ်” ဟု ရဲဘော်စောဒါးကိုက ၎င်းတို့ တပ်ဖွဲ့များ လှုပ်ရှားရာဒေသတွင်းတော်လှန်ရေးတပ်များအကြား စုစည်းညီညွတ်မှု ဖော်ဆောင်နိုင်သည့် အခြေအနေကို ပြေပြသည်။

ပူးပေါင်းဆောင်ရွက်ရာ၌ မပါဝင်နိုင်သည့် အဖွဲ့အချို့နှင့်ပတ်သက်၍ အပြစ်မတင်ကြောင်း ၎င်းက ဆက်ပြောကြားသည်။

“ဒါပေမယ့်ကျနော်တို့အလုပ်လုပ်တဲ့အချိန်မနှောက်ယှက်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ် ပြည်သူတွေရဲ့မျက်နှာကိုကြည့်ပြီးပူးပေါင်းပေးနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျ…ကျနော်တို့တွေလက်တွေ့ကျကျအလုပ်လုပ်ကြမယ်ဗျ” ဟု ရဲဘော်စောဒါးကိုက ပြောသည်။

PDFနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ပူးပေါင်းတပ်များသည် ဇူလိုင် ၇ ရက်နေ့တွင်တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မြန်မာ-ထိုင်း နယ်စပ်ရှိ စစ်ကောင်စီ၏ သုခတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီကို တော်လှန်ရေးအင်အားစုများ စုစုစည်းစည်း တိုက်ခိုက်နိုင်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“တော်လှန်ရေးအဖွဲ့အစည်းများတွေက စုစုစည်းစည်းလက်တွဲမယ်ဆိုရင် အောင်မြင်မှုကတော့ ရှိလာမှာပဲ။ လောလောဆယ် စကစ တိုက်ရတာ ဒီလိုမျိုးစုစုစည်းစည်းရှိမယ်ဆိုရင်အင်အားကောင်းတယ်” ဟုပဒိုစောအယ်နားက ပြောသည်။

လတ်တလောတွင်ချင်းပြည်နယ်အတွင်းတော်လှန်ရေး အင်အားစုများ ဖြစ်သော ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင် ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားနေမှု နှင့်ပတ်သက်၍ PDF စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက အချင်းချင်းနားလည်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းသည်။

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးကလည်းစစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့သည့် နည်းတခုမှာ တော်လှန်ရေးဘက်တော်သားအချင်းချင်း သွေးကွဲစေမည့်နည်းဖြစ်ကြောင်း သတိပေးထားသည်။

စစ်အာဏာရှင်များ လုပ်ဆောင်နေသည့် စည်းသုံးစည်းရှိရာ သွေးအေးစေမည့်စည်း၊ သွေးကြောင်စေသည့် စည်းနှင့်သွေးကွဲစေသည့် စည်းတို့ဖြစ်ပြီး သမိုင်းတွင် တော်လှန်ရေးအင်အားစုများ အချင်းချင်းသွေးကွဲခဲ့၍အာဏာရှင်များကို အရှုံးပေးလိုက်ရသည့် သာဓကများစွာ ရှိခဲ့ဟု ရဲဘော်တင်ဦးက ပြောသည်။

“ကျနော်တို့အချင်းချင်းကြား၊အထက်နဲ့အောက်ကြား၊ အဖွဲ့အစည်း အချင်းချင်းကြား ဘယ်နေရာလေး ဟသွားမလဲ၊ ဘယ်နေရာလေး အက်ကြောင်းထင်သွားမလဲ သွေးခွဲတယ်။ သွေးကွဲအောင်လုပ်တယ်။ကျနော်တို့သွေးမကွဲရင်ဒီပွဲနိုင်ပြီ” ဟု ရဲဘော်တင်ဦးကပြောကြားကာ တော်လှန်ရေးအင်အားစုများ ညီညွတ်ရန်လိုအပ်ကြောင်း တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဗောဓိကမ်းတံတားဘက်မှအမှတ်၅၆၁ ခြေမြန်တပ်ရင်း(ခမရ ၅၆၁)ကို ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့သလိုလုံခြုံရေးယူ​ပေးတဲ့ စစ်သား​တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။