Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့တာရိုးပြင်ဖို့ ရေတက်လာမှ စစ်​ကောင်စီတင်ဒါစခေါ်

မန္တလေးမြို့မှာငလျင်ကြောင့် ပျက်စီးသွားတဲ့တာရိုးကို သုံး လကျော်အကြာရေတက်လာချိန်မှာ ပြင်ဆင်ဖို့ စစ်​ကောင်စီရဲ့မန္ဆလေးစည်ပင်က တင်ဒါ​ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။

ငလျင်ကြောင့် ပျက်စီးသွားတဲ့ ကမ်းနားလမ်းတာရိုးအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ

ဇူလိုင်-၈၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှာငလျင်ကြောင့် ပျက်စီးသွားတဲ့တာရိုးကို သုံး လကျော်အကြာရေတက်လာချိန်မှာ ပြင်ဆင်ဖို့ စစ်​ကောင်စီရဲ့မန္ဆလေးစည်ပင်က တင်ဒါ​ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။

မန္တလေးမြို့၊ ဧရာဝတီမြစ်ကမ်းနားလမ်းက တာရိုးဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် ရှမ်းကလေးကျွန်းရွာနဲ့ ရွှေဂဲရေထိန်းတံခါးနားအထိ ဆိုးရွားစွာ ပျက်စီးခဲ့ပါတယ်။ အဲဒီလမ်းကို ရေတက်ချိန်ကျမှ ပြုပြင်ဖို့ မန္တလေးစည်ပင် လမ်းတံတားဌာနကနေ တင်ဒါစတင်ခေါ်ယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ရေကလာတော့မှာ။အဲဒီတာရိုးကကျိုးလိုက်ရင် စစ်ကိုင်း-မန္တလေးလမ်း အနောက်ဘက်ခြမ်းက ရပ်ကွက်တွေ အကုန်ရေမြုပ်ကုန်မှာ”လို့ အမရပူရမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်က မန္တလေးစည်ပင်ကတော့ အဲဒီလမ်းကို ၂၀၂၅-၂၀၂၆ ဧပြီလမှ မတ်လအထိ ဘဏ္ဍာရေးနှစ်အတွင်းမှာလမ်းခင်းခြင်းလုပ်ငန်း၊ လမ်းတာဘောင်တည်ဆောက်တာ၊ အခြေခံလွှာတည်ဆောက်တာနဲ့ လမ်းလယ်ကျွန်းတည်ဆောက်တာတွေအတွက် တင်ဒါခေါ်ယူနေတာဖြစ်ပြီး ဒီကနေ့ ဇူလိုင် ၈ ရက် တင်ဒါစရောင်းမယ်လို့ ကြေညာထားပါတယ်။

ရွှေဂဲရေထိန်းတံခါးဟာ NLD အစိုးရလက်ထက် ၂၀၂ဝ ပြည့်နှစ် ဇူလိုင်လတုန်းက ကျိုးပြတ်ခဲ့ဖူးပြီး အဲဒီအချိန်က မြို့တော်ဝန် ဦးရဲလွင်နဲ့အဖွဲ့ရဲ့ အချိန်မီ ပြင်ဆင်နိုင်မှုကြောင့် ထိခိုက်ပျက်စီးမှု နည်းပါးခဲ့ပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ကမ်းနားမှာ တည်ဆောက်နေတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကြောင့်လည်း မနှစ်ကတည်းက ရေလမ်းကြောင်းတွေပြောင်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။