Hi, what are you looking for?
နိုင်ငံတဝန်းဗုံးပတ်ကြဲနေသော စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ PDF များနှင့် တော်လှန်ရေးအဖွဲ့များကို လက်နက်နှင့်အကြမ်းဖက်လမ်းစဥ်ကိုစွန့်ပြီး ပါတီထောင် ရွေးကောက်ပွဲဝင်၍ နိုင်ငံရေးပြသာနာကိုနိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာရန် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းပါသည်ဟုဆိုကာစက်တင်ဘာ ၂၆ ရက်ညတွင်ထုတ်ပြန်သည်။
နိုင်ငံတဝန်း ဒေသအသီးသီး၌ စစ်ရှုံးနေသကဲ့သို့ ပြည်သူလူထုနေထိုင်ရာနေရာများကိုဗုံးပတ်ကြဲ သည့် စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၂၆ ရက်တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုကြောင်း ဖိတ်ခေါ်သည့်ကြေညာချက်ထုတ်ပြန်ခဲ့ရာ အဆိုပါဖိတ်ခေါ်မှုကို အယုံအကြည်မရှိ၊ စိတ်မဝင်စားကြောင်း တော်လှန်ရေးအဖွဲ့များကတုံ့ပြန်သည်။