Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့တွင် MNDAA ဆုတ် ၊ စစ်​ကောင်စီအဝင်မှာ အုတ်ချုပ်​ရေးယန္တရားပျက်ပြီး အုပ်စုဖွဲ့ခိုးယူမှု​တွေဖြစ်​နေ

MNDAAဆုတ်ခွာပြီးစစ်ကောင်စီပြန်ဝင်လာသည့်လားရှိုးမြို့တွင် အုပ်ချုပ်ရေးယန္တရားပျက်ပြား​နေပြီးလူနေထိုင်ခြင်းမရှိသည့်အ‌ဆောက်အအုံအချို့ကို လူတချို့ကဝင်​ရောက်၍ပစ္စည်းများခိုး ယူနေကြသည်။

ဧပြီ-၂၀၊၂၀၂၅။ ခွာညို/People’s Spring

MNDAAဆုတ်ခွာပြီးစစ်ကောင်စီပြန်ဝင်လာသည့်လားရှိုးမြို့တွင် အုပ်ချုပ်ရေးယန္တရားပျက်ပြား​နေပြီးလူနေထိုင်ခြင်းမရှိသည့်အ‌ဆောက်အအုံအချို့ကို လူတချို့ကဝင်​ရောက်၍ပစ္စည်းများခိုး ယူနေကြသည်။

ယခု ရုပ်သံဖိုင်မှာလားရှိုးမြို့၊ အထက(၅)ကျောင်း ခန်းမအား ဧပြီလ၂၀ရက် နံနက်ပိုင်းတွင် လူတချို့က ဖျက်ဆီးဝင်​ရောက်၍ ပစ္စည်းများသယ်ယူနေခြင်းဖြစ်သည်။ လားရှိူးကို MNDAA မသိမ်းပိုက်ခင်ကစစ်ကောင်စီသတင်းများ၊ထုတ်ပြန်ချက်များကိုမကြာခဏတင်ပြပေးခဲ့သူတစ်ဦးက လူမှုကွန်ရက်တွင် ရိုက်ကူးဖော်ပြထားခြင်းဖြစ်သည်။

https://www.facebook.com/LuduNwayOo/videos/1581793279174223

Public Service Announcement

Public Service Announcement

“ပေါ်တင်ကြီးဖျက်ယူနေတာ။ ထိန်းမဲ့သူမရှိတော့ဘူး”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

MNDAAနှင့် မဟာမိတ်များက၂၀၂၄ ဩဂုတ်လ၃ ရက်​​နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသောလားရှိုးမြို့အား တရုတ်အစိုးရ၏ ဖိအားပေးမှုနှင့်အတူစစ်ကောင်စီထံသို့ ယခုရက်ပိုင်း ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည်။

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီ ၁၇ ရက်မှစ၍ လားရှိူး- သီပေါပြည်ထောင်စုလမ်းရှိ နောင်မွန်လမ်းပိုင်းမှတဆင့် ဝင်လာသလို ဌာနဆိုင်ရာဝန်ထမ်းအချို့ကိုလည်း ရဟတ်ယဉ်ဖြင့်လည်း ပို့ဆောင်ခဲ့သည်။ ထိုရက်မတိုင်မီက MNDAA တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ကြသည်။ ‌သို့သော်လားရှိုးမြို့တွင် MNDAA အရာရှိအချို့နှင့်တပ်ဖွဲ့ဝင်အချို့ တွေ့မြင်နေရသေးသည်ဟု ဒေသခံများကပြောသည်။

MNDAA ဆုတ်ခွာသွားပြီး စစ်ကောင်စီပြန်ဝင်လာသည့် လားရှိုးမြို့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်း ရောက်နေပြီး မကြာမီ MNDAA၊တရုတ်နှင့် စစ်ကောင်စီ လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးမည်ဟု သတင်းရရှိသည်။

လားရှိုးမြို့အုပ်ချုပ်ရေးနှင့်ပတ်သတ်၍တရုတ်အစိုးရ၏ ချယ်လှယ်‌နေမှုကို မလွန်ဆန်နိုင်သည့် စစ်ကောင်စီရော MNDAA ၏ ရပ်တည်မှုသည် ရှက်ဖွယ်ကောင်းကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကိုးကန့်ကလည်း ထွက်ခွာ။ စစ်ကောင်စီကလည်း သေချာမအုပ်ချုပ်နိုင်တဲ့လားရှိုးမှာ တရားဥပဒေစိုးမိုးမှုကတော့ ယုံကြည်စရာကောင်းမှာမဟုတ်တော့ဘူး”ဟု ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

Facebook