Connect with us

Hi, what are you looking for?

ကဗျာ

“ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်မှာ”

▪️SWN

ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်
ဘာကျန်ခဲ့ပါသလဲ။

မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့
ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့
ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။

ကျနော် မြန်မာပါခင်မျာ . . .

နေစရာနေရာလည်း မရှိ၊
စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက်
ကျွေးကြပါ၊

Public Service Announcement

Public Service Announcement

ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာ
ထမင်းလေးရေလေး ပေးသနားကြပါခမျာ

မှတ်ပုံတင်နာမည် – မောင်သန်းရွှေ၊
နဖူးအမာရွတ်ရှိ၊
ရခိုင်-ဗုဒ္ဓဘာသာဝင်တဦးရဲ့ အမှတ်အသားတွေပါ။

အိမ်ကိုသာ မီးရှို့လို့ရမယ်။
ကျမတို့ စိတ်ကို မီးရှို့လို့မရဘူး။

လက်သုံးချောင်းတော့ထောင်နိုင်သေးတယ်ဆိုတဲ့
အညာသူကြီးရဲ့ စကားသံတွေ

*ကြိုးစားနေတယ်* ဆိုတဲ့ အသိနဲ့တင်
ကိုယ့်ကိုယ်ကို ကျေနပ်ပစ်လိုက်ရတာပါပဲ။

‘သမုဒယသစ္စာမှာ
ပြီးပြည့်စုံတယ်လို့မှ မရှိတာ’ လို့ ရေးသွားတဲ့
ကျနော့်အသိ ကိုဇင်ယော်
(ဒုတပ်ရင်းမှူး – ရွှေဘိုခရိုင်တပ်ရင်း ၉) ရဲ့
စကားသံတွေ၊
သူ့နာရေးမှာသုံးဖို့ ကျနော်ရိုက်ထားတဲ့
သူ့ဓာတ်ပုံတွေ ပြန်ရှာပို့ပေးရတဲ့ အခိုက်အတန့်တွေ၊
ဒါတွေဟာ ဒီကာလမှာ
ကိုယ့်ကို တိုက်ရိုက်တိုက်ခိုက်လာတဲ့
ခံစားချက်တွေပါပဲ။

ကျနော်တို့ ဆက်သွားရပါလိမ့်မယ်။
ကျနော်တို့ ဆက်သွားဖို့ လိုပါလိမ့်မယ်။

စစ်မိစ္ဆာတွေ ပပျောက်ဖို့၊
ကိုယ့်ခြေထောက်ပေါ် ကိုယ် မားမားရပ်တည်နိုင်ဖို့၊

မတရားတဲ့ကမ္ဘာကြီးကို ငါတို့ဟာ ဒီလို ရုန်းကန်ခဲ့ပြီး
ဒီလိုအနိုင်ရခဲ့ကြတယ်ကွလို့ ပြောနိုင်ဖို့
ဆက်သွားရပါလိမ့်မယ်။

ကျနော်တို့ မနိုင်ရင်
ဒီတခါ တကယ်ပွဲပြီးသွားပါလိမ့်မယ်။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘SWN’ ရေးဖွဲ့ခဲ့တဲ့ “ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်မှာ”ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …