Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် လားရှိုးမြို့သို့ရောက်နေ

MNDAA၊တရုတ်နှင့် စစ်ကောင်စီ လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးမည်

လားရှိုးမြို့သို့​ရောက်ရှိ​နေ​သောပစ်ခတ်ရပ်စဲမှုစောင့်ကြည့်​ရေးအဖွဲ့ စာတမ်း​ရေးထား​သောကား ၁ စီး

ယောနသံ/People’s Spring

MNDAA ဆုတ်ခွာသွားပြီး စစ်ကောင်စီပြန်ဝင်လာသည့် လားရှိုးမြို့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန် တိန့်ရွှီကျွင်း ရောက်နေပြီး မကြာမီ MNDAA၊တရုတ်နှင့် စစ်ကောင်စီ လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးမည်ဟု သတင်းရရှိသည်။

“တိန့်ရွှီကျွင်းက ၁၉ရက်နေ့က ရောက်လာတာ။ MNDAA ဘက်က အရာရှိတွေလည်းသူနဲ့ပါလာတယ်။ စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး လာမယ်”ဟု People’s Spring ၏ရှမ်းမြောက်သတင်းရင်းမြစ်ကပြောသည်။

တိန့်ရွှီကျွင်းသည် စစ်ကောင်စီ နှင့် MNDAA ဆွေးနွေးပွဲများတွင် ဦးဆောင်ပါဝင်သူဖြစ်သည်။ ယခုအခါ ၎င်းကိုယ်တိုင်လားရှိုးမြို့သို့ရောက်ရှိနေပြီး MNDAAက လုံခြုံရေးယူပေးထားသည်ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိန့်ရှီကျွင်းခေါင်းဆောင်သည့်ကိုယ်စားလှယ်ဖွဲ့သည် တရုတ်အလံဘေးတွင် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ဟု ရေးသားထားသောအနက်ရောင်ကားများဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။

“သူက လားရှိုးကို အုပ်ချုပ့်မယ့် အုပ်ကြီး”ဟု တိန့်ရှီကျွင်းအားရည်ရွယ်၍လားရှိုးမြို့ခံတဦးကပြောသည်။

တရုတ်အစိုးရ ၊နိုင်ငံခြား​ရေးဝန်ကြီးက ၂၀၂၄ ခုနှစ် သြဂုတ်လမှာပင်မြန်မာနိုင်ငံပြည်တွင်း​ရေးကို ပြည်ပနိုင်ငံများကဝင်​ရောက်စွက်ဖက်ခွင့် မပြုခြင်းအပါအဝင် စည်းသုံးစည်းလိုက်နာရမည်ဟုနိုင်ငံတကာကိုဆို​ခဲ့​သော်လည်း မြန်မာ့အ​ရေးကိုတရုတ်ကတိုက်ရိုက်ဝင်​ရောက်စွက်ဖက်ခြင်းဖြစ်​ကြောင်းပြည်သူများနှင့် စစ်​ရေးနိုင်ငံ​ရေး​လေ့လာသူများက​ပြောသည်။

တိန့်ရှိကျွင်းရောက်ရှိနေစဉ်ဧပြီလ ၂၀ရက်တွင် မိုင်းရယ်နှင့်တန့်ယန်းဘက်မှ စစ်ကောင်စီကားများ လားရှိုးမြို့သို့ အများအပြားဝင်ရောက်လာသည်ဟု သတင်းရရှိသည်။

” ယူနီဖောင်းဝတ်တွေ အများကြီး ဝင်လာတာ ဟုတ်တယ်။တရုတ်ကြီးရှိနေချိန် သူတို့အပြီးဝင်မယ်ထင်တယ်”ဟု လားရှိုးမြို့ခံတဦးကပြောသည်။

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီ ၁၇ရက်မှစ၍ လားရှိူး- သီပေါပြည်ထောင်စုလမ်းရှိ နောင်မွန်လမ်းပိုင်းမှတဆင့် ဝင်လာသလို ဌာနဆိုင်ရာဝန်ထမ်းအချို့ကိုလည်း ရဟတ်ယဉ်ဖြင့်လည်း ပို့ဆောင်ခဲ့သည်။ ထိုရက်မတိုင်မီက MNDAA တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ကြသည်။ ‌သို့သော် လားရှိုးမြို့တွင် MNDAA အရာရှိအချို့နှင့်တပ်ဖွဲ့ဝင်အချို့ တွေ့မြင်နေရသေးသည်ဟု ဒေသခံများကပြောသည်။

ဧပြီလ ၂၁ရက်တွင် တိန့်ရှီကျွင်း၊ MNDAA အရာရှိအဖွဲ့နှင့် စစ်ကောင်စီ၏ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးမည်ဟု သတင်းရရှိသည်။

လက်ရှိအခြေအနေများနှင့်ပတ်သက်၍ စစ်ကောင်စီကရော MNDAAကပါ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

MNDAA နှင့် မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၄ သြဂုတ် ၃ ရက်တွင်လားရှိုးမြို့ကိုအပြီးသတ် သိမ်းပိုက်ခဲ့သည်။ MNDAA လားရှိုးမြို့ ရှစ်လ​ကျော်ကြာ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ခဲ့​သော်လည်းတရုတ်အစိုးရက စစ်ကောင်စီထံပြန်ပေးရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။ထို​နောက် ဧပြီလ တတိယပါတ်တွင်စစ်ကောင်စီတပ်က ပြန်ဝင်လာခြင်းဖြစ်သည်။

လားရှိုးမြို့သို့စစ်ကောင်စီပြန်ဝင်လာပါက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည်မြို့နယ်များကို စစ်ရေးအရ ခြိမ်းခြောက်ခံရလာနိုင်ကြောင်းတော်လှန်ရေးအင်အားစုများနှင့်ဒေသခံများကသုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။