Hi, what are you looking for?
အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ဖလမ်းမြို့ အပါအဝင်ချင်းမြောက်ပိုင်းပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ ဖလမ်းအခြေစိုက် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ ငါးလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။
မတ်-၂၆၊၂၀၂၆။ရောင်နီ/People’s Spring ပြည်တွင်းစက်သုံးဆီဈေးက စံချိန်တင်ဆက်လက်မြင့်တက်နေပြီး ဓာတ်ဆီ ၊ ဒီဇယ်အမျိုးအစားအလိုက် တစ်လီတာကိုငွေကျပ် ၈၀၀ ကနေ ၁၂၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ မတ်လ ၂၇ ရက်မှာ ရန်ကုန်အထိုင် စက်သုံးဆီဈေးက ဓာတ်ဆီ...
မတ်လ-၂၆၊၂၀၂၆။People’s Spring တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနွေဦးတော်လှန်ရေးအင်အားစုများ နဲ့ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများက အာဏာသိမ်းစစ်တပ်က ကျင်းပဖို့စီစဉ်ထားတဲ့ ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်ရှေ့မှာတပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲကိုယနေ့ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အဆိုပါ ဆန္ဒပြပွဲကို မတ်လ ၂၆ ရက် တောင်ကိုရီးယားစံတော်ချိန် ညနေ ၅နာရီမှ ည ၈ နာရီအချိန်ထိ ပြုလုပ်ခဲကြတာဖြစ်ပါတယ်...
မတ်-၂၆၊၂၀၂၆။People’s Spring တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အကြီးအကျယ် လူပြောများခဲ့တဲ့ ခွေးခုနစ်ကောင်ရဲ့ ဗီဒီယိုဟာ ဖြစ်ရပ်မှန်နဲ့ ကွဲလွဲနေကြောင်း တရုတ်အစိုးရမီဒီယာကဖော်ပြပါတယ်။ မတ်လ ၁၇ ရက်နေ့တုန်းက တရုတ် လူမှုကွန်ရက်တွေပေါ် ရောက်လာတဲ့ ဗီဒီယိုထဲမှာတော့ ကားလမ်းဘေး တစ်နေရာမှာ ခွေးလေး ၇ ကောင်...
မတ်-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring ငဖဲမြို့နယ်၊မန်းချောင်းအနီး ကြောင်နွားသိုးဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်သား၂ဝဦးသေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)က သတင်းထုတ်ပြန်ပါတယ်။ ငဖဲမြို့အနောက်ဘက်တောရကျောင်းမှာတပ်စွဲထားတဲ့ အင်အား ၅ဝ ကျော်ပါ စစ်တပ်စစ်ကြောင်းကိုCDF-အရှိုနဲ့လူ့ဘောင်သစ်တပ်မတော်(NSA) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းက မန်းချောင်းဆည်ရေပိုလွှဲအရှေ့ဘက်မီတာ ၉ဝဝ ကျော်အတွင်းယာယီတပ်စွဲထားစဉ်မတ်လ ၂၅ ရက်၊...
မတ် -၂၆၊ ၂၀၂၆။မေရီ၊ရှိန်း/People’s Spring စစ်ကိုင်းငလျင်ကြီး တစ်နှစ်ပြည့်ဖို့ ၂ ရက်အလိုမှာ မန္တလေးမြို့အနီး အင်အား ၄.၂ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာအလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီကနေ့ မတ်လ ၂၆ ရက် ည...