Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းတောင်ပိုင်း ပြည်နယ် ၃ ခုမှာ ဆူပူမှု၊ ပစ်ခတ်မှု၊ တိုက်ခိုက်မှုတွေ ပျံ့နှံ့ဖြစ်ပွား

ထိုင်းနိုင်ငံတောင်ပိုင်း ဒေသတချို့မှာ ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းက ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားပြီး ဒေသခံတွေအတွက် အထိတ်တလန့် ဖြစ်စရာတွေ ကြုံတွေ့ခဲ့ပါတယ်။

ဓာတ်ပုံ - Thai PBS

ထိုင်းနိုင်ငံတောင်ပိုင်း ဒေသတချို့မှာ ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းက ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားပြီး ဒေသခံတွေအတွက် အထိတ်တလန့် ဖြစ်စရာတွေ ကြုံတွေ့ခဲ့ပါတယ်။

မီးရှို့မှု၊ ပေါက်ကွဲမှု၊ ကားတာယာတွေကို မီးပုံရှို့မှု၊ ပစ်ခတ်မှု၊ လက်နက်ကိုင် ဓားပြမှု သတင်းတွေဟာ ထိုင်းတောင်ပိုင်း နယ်စပ်ပြည်နယ် သုံးခုမှာ နေရာအနှံ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်တွေအတွင်း ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့သလို စစ်တပ်က ညမထွက်ရ အမိန့်တွေ ထုတ်ခဲ့ပြီး ကင်းလှည့်မှုနဲ့ လုံခြုံရေး အစီအမံတွေကို အရေးပေါ် တိုးမြှင့်ခဲ့ရပါတယ်။

ယာလာ၊ နာရာသီဝတ်နဲ့ ပတ္တနီတို့မှာ အဲဒီလို ဆူပူမှုနဲ့ မှုခင်းတွေ စုစုပေါင်း ၃၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ယာလာက အရေအတွက် အများဆုံးအဖြစ် ၁၄ ခု၊ နာရာသီဝတ်မှာ ၁၃ ခုနဲ့ ပတ္တနီမှာ ၅ ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ယာလာက နေရာတချို့မှာ တာယာတွေကို မီးပုံရှို့တာ၊ အဖွဲ့အစည်းနဲ့ အစိုးရ ဌာနပိုင် မော်တော်ယာဉ်တချို့နဲ့ ဖုန်းတာဝါတိုင်တွေကို မီးရှို့တာတွေ ဖြစ်ခဲ့ပါတယ်။ ကားလမ်းတစ်ခုမှာတော့ သံမှိုတွေ ကြဲသွားခဲ့သလို ပေါက်ကွဲမှု တစ်ခုကနေ အစအနတွေမှန်လို့ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့လည်း သိရပါတယ်။ နှစ်ဦးစလုံး ဆေးရုံတက်နေပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး။

Public Service Announcement

Public Service Announcement

နာရာသီဝတ်မှာ နေ့ကလေးထိန်း စင်တာတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ခရိုင်ခွဲရုံးတစ်ခု မီးရှို့ခံခဲ့ရပါတယ်။ Mitsubishi Triton ကားတစ်စီးလည်း ခိုးယူခံခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။နေရာအနှံ့မှာကားတာ

ယာ မီးရှို့မှုတွေ ဖြစ်ပွားခဲ့သလို နောက်ထပ် ပစ်ခတ်မှုတွေကိုလည်း အတည်ပြု သိရှိထားပါတယ်။ နောက်ပြီး လက်လုပ်ဗုံးတွေနဲ့ တိုက်

ခိုက်မှု ၂ ခုလည်း ရှိခဲ့ပါတယ်။ နာရာသီဝတ်မှာတော့ စစ်တပ်က ညတွင်းချင်း ညမထွက်ရ အမိန့်ထုတ်ခဲ့ပါတယ်။

ပတ္တနီမှာ 7 Eleven ကုန်စုံဆိုင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင် ပျက်စီးခဲ့သလို မီးသတ်ကား တစ်စီးနဲ့ အမှိုက်သိမ်းကားတစ်စီး မီးတင်ရှို့ ခံခဲ့ရပါတယ်။ အဝေးပြေးလမ်း နေရာတချို့မှာ ကားတာယာတွေ မီးရှို့ထားတာ တွေ့ရပြီး တစ်နေရာမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

အခုဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တဲ့ နေရာတွေဆီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး စုံစမ်းမှုတွေ ပြုလုပ်စေခဲ့သလို တိုက်ခိုက်ခံရနိုင်ခြေ မြင့်မားတဲ့ နေရာတွေမှာ လုံခြုံရေး ပိုတင်းကျပ်ထားလိုက်ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းတောင်ပိုင်း ပြည်နယ်တွေမှာ ဒေသခံတွေ အနေနဲ့ အတတ်နိုင်ဆုံး အိမ်မှာ နေကြပြီး လုံခြုံရေး ဆောင်ရွက်နေတဲ့ အရာရှိတွေကို အကူအညီပေးဖို့လည်း သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။ နောက်ပြီး မသင်္ကာစရာ ကိရိယာတွေ၊ ပစ္စည်းတွေကို တွေ့ရင် မထိမကိုင်ဘဲ ချက်ချင်း အကြောင်းကြားကြဖို့လည်း သတိပေးထားပါတယ်။

မလေးရှားနဲ့ ထိတွေ့ရာ ထိုင်းတောင်ပိုင်း ဒေသတွေမှာ အရမ်းအားမကောင်းပေမယ့် အချိန်ကြာကြာ တည်တံ့နေတဲ့ လက်နက်ကိုင် ခွဲထွက်ရေး အဖွဲ့အစည်းတွေ လှုပ်ရှားနေပြီး အရင်ကလည်း လုံခြုံရေး တပ်ဖွဲ့တွေ၊ အစိုးရ ဌာနတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ကြိုကြားကြိုကြား ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

သတင်း

လုပ်သား​တွေအ​ပေါ်အမြတ်ထုတ်​နေတဲ့ပွဲစားတွေကိုဖမ်းဆီးအ​ရေးယူ​ပေးဖို့​တောင်းဆို

နိုင်ငံတကာ

ဘုရင့်မိဖုရားကြီးက လေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးကို တစ်ကိုယ်တော် မောင်းနှင် ပျံသန်းပြခဲ့တဲ့ ကိစ္စဟာ ထိုင်းပြည်သူတွေကြားမှာ လူပြောအများဆုံး သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။

နိုင်ငံတကာ

ရေကြီးမှုတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဆုံးအရှုံးတွေကြောင့် ပြည်ပကို ကြက်ဥ တင်ပို့မှုတွေ လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေက ကြက်မွေးမြူရေး ကုမ္ပဏီတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ စက်တင်ဘာ လလယ်ကစလို့ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာသလို အာဏာပိုင်တွေက နောက်ထပ်လည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်လာနိုင်သေးကြောင်း သတိပေးထားပါတယ်။

Facebook