Connect with us

Hi, what are you looking for?

သတင်း

တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန်ကောက်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြုလုပ်နေတဲ့ တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ယခုနှစ် တောင်ပြုံးပွဲသို့ သွားနေသောယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Screen Grab)

သြဂုတ်၂၂၊္ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြုလုပ်နေတဲ့ တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အစီအစဥ်နဲ့ စတင်ကျင်းပနေပြီဖြစ်တဲ့ မတ္တရာမြို့နယ်က တောင်ပြုံးပွဲမှာ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေက ပွဲတော်ဝင်ကြေးအဖြစ် မော်တော်ယာဥ် ၈၀၀၀ ကျပ်၊ မီနီအိုးဝေ သုံးဘီးယာဥ် ၅၀၀၀ ကျပ်နဲ့ ဆိုင်ကယ် ၃၀၀၀ ကျပ်နှုန်းနဲ့ အဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“မောင်းတံဂိတ်ကနေ ရွာထဲ ဝင်ကြေးပေးရတာ။ ဟိုတုန်းကဝင်ကြေးမပေးရဘူး ခုမှပေးရတာ”လို့ တောင်ပြုံးပွဲတော်သွား​ရောက်ခဲ့သူ အမျိုးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဆိုင်ကယ်အပ်ခ ၅၀၀၀ ကျပ်၊ မော်တော်ယာဥ် အပ်ခ ၁၀၀၀၀ ကျပ်တွေပါ အဆမတန်ပေးဆောင်နေရ​ကြောင်း ဒေသခံတွေက ပြောပါတယ်။

တောင်ပြုံးပွဲတော်ကို ကိုဗစ်ကာလမှာ ရပ်နားခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ပွဲတော်ကို မဖြစ်မနေ ကျင်းပခဲ့​​​​ပေမဲ့ မတ္တရာနယ်အတွင်းက တိုက်ပွဲတွေကြောင့် အကျဥ်းရုံးသာ ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ ပွဲတော်ကျင်းပမယ့် တောင်ပြုံးနယ်မြေဒေသ အခြေအနေမှာ အေးချမ်းတည်ငြိမ်နေတယ်လို့ ပွဲတော်ကျင်းပရေးကော်မတီက ဝါဒဖြန့်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက မတ္တရာမြို့နယ်အ​နောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို မြို့နယ်ပကဖ၊ပြင်ဦးလွင်ခရိုင်တပ်ရင်း(၁)၊ မန္တ​လေးခရိုင် ပကဖတို့ ပါဝင်တဲ့ ပူးပေါင်းတပ်က တပြိုင်တည်း တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

စစ်တပ်ဟာ တိုင်းပြည်အေးချမ်းသယောင်အခြေအနေကိုပြသဖို့ ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်ကာလကစလို့ ပွဲတော်တွေကို အကြိမ်ကြိမ် အလီလီ ကျင်းပစေခဲ့တာပါ။ လက်ရှိ တောင်ပြုံးနဲ့အနီးတစ်ဝိုက်က ကျေးရွာတွေကို စစ်တပ်က စိုးမိုးထားဆဲဖြစ်ပြီး ပွဲတော်လာပြည်သူတွေကိုလည်း စစ်ဆေးငွေညှစ်တာတွေ ပြုလုပ်​​လေ့ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook