Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာလေတပ်က စစ်ဦးစီးအရာရှိ ဗိုလ်မှူးစိုးသူရဝင်းရဲ့ ရန်ကုန်အိမ်ကို ပါဆယ်ဗုံးဖြင့် မြို့ပြ​ပျောက်ကျားအဖွဲ့တိုက်ခိုက်

စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်က လေတပ်စစ်ဦးစီးအရာရှိဗိုလ်မှူးစိုးသူရဝင်းရဲ့ရန်ကုန်နေအိမ်ကို ပါဆယ်ဗုံးပို့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

(မိတ္ထီလာ​လေတပ်မှာလေယာဥ်တစ်စီးကိုအာဏာသိမ်း​ခေါင်း​ဆောင်ကတပ်​တော်ဝင်​ပွဲမှာသ​ပြေခက်ပက်နေစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ )

ဩဂုတ်-၂၂၊၂၀၂၆။​နေ့သစ်/People’s Spring

စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်က လေတပ်စစ်ဦးစီးအရာရှိဗိုလ်မှူးစိုးသူရဝင်းရဲ့ရန်ကုန်နေအိမ်ကို ပါဆယ်ဗုံးပို့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

ဩဂုတ် ၂၂ရက်မှာ ဗိုလ်မှူးစိုးသူရဝင်းရဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြိုနယ်၊၁၀၇ လမ်းရှိ နေအိမ်ကို ပါဆယ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးစိုးသူရဝင်း ပိုင်ကား (3Q-8600) နဲ့ အိမ်တို့ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

“စစ်တပ်က ဒီနေ့ပဲ ငပလီကရွာတွေကို ဗုံးကြဲတယ် ၊မနေ့ကလည်း မြောင်မြို့နယ်က ဘုန်းကြီးကျောင်းကိုဗုံးကြဲတယ်။အစုလိုက်အပြုံလိုက်သေသွားတာ တရားစခန်းဝင်နေတဲ့ သက်ကြီးရွယ်အိုတွေ ၊ဒဏ်ရာရသူတွေအားလုံးနီးပါးကလဲအသက်ကြီးပိုင်းတွေ ၊ ဒီကောင်တွေ လေထဲကနေ လုပ်ချင်သလိုလုပ်ပြီးထင်တိုင်းကြဲ ပြည်သူတွေကိုနေ့စဉ်သတ်ဖြတ်နေတာကိုရတဲ့နည်းနဲ့ တုံ့ပြန်ဖိုလိုမယ်။ ဒါကြောင့်ပဲ ကျွန်တော်တိုက ဒီအလုပ်ကိုလုပ်နေရတာ” လို့ တိုက်ခိုက်မှုဖော်ဆောင်ခဲ့တဲ့ မြိုပြပြောက်ကျား ရဲဘော်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးစိုးသူရဝင်းဟာ စစ်ဦးစီးအရာရှိ (ဒုတိယတန်း) တာဝန်နဲ့ မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှာစစ်ဗျူဟာ၊ စီမံခန့်ခွဲမှုနဲ့ အမိန့်ပေးညွှန်ကြားမှုများကို လက်တွေ့အကောင်အထည်ဖော်ရသူတွေထဲကတဦးလို့သိရပါတယ်။

လေတပ်က စစ်သားတွေရဲ့အိမ်တွေ မိမိတို့ပတ်ဝန်းကျင်မှာ ရှိရင် ပြည်သူတွေအနေနဲ့ သိုသိပ်စွာ သတင်းပေးဖို့လည်း မြို့ပြရဲဘော်တဦးက တိုက်တွန်းနှိုးဆော်ပါတယ်။

“ရန်ကုန်မှာကပြည်သူတွေ ဟာ ဗုံးကြဲမခံရပေမယ့် ရန်ကုန်ကလေတပ် စစ်​ေ..တွေကြောင့် အညာ မှာပြည်သူတွေ နေ့တိုင်းဗုံးကြဲခံနေရတယ် ရခိုင်မှာနေတိုင်းဗုံးကြဲခံနေရတယ်။ဒါတွေကို ရရာနည်းလမ်းနဲ့ ပြန်တိုက်ကြရမှာဖြစ်တယ် ။ ခက်ခဲနေတဲ့ ပြည်သူတွေကို စစ်မှုထမ်းကြေးတောင်း ပြီး ဗိုက်ဝနေတဲ့ကောင်တွေ ရဲ့ သတင်းတွေ ကိုလည်း ပြည်သူတွေက ဖော်ထုတ်တိုင်ကြားကြပါ ပြည်သူတွေပါဝင်မှ ကျွန်​တော်တိုပိုတိုးပြီးလှုပ်ရှားနိုင်မှာ” လို့လည်း မြို့ပြရဲဘော်တဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံငယ်လေး မိုနာကိုမှာ ပါဆယ်ဗုံးနဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် ယူကရိန်း စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးနဲ့ မိသားစုဝင်တွေ ဒဏ်ရာရခဲ့ပါတယ်။

သတင်း

မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်ခန့်ကလည်း တည်သီး‌တောကျေးရွာအနောက်ဘက်ရှိ ညောင်ကိုင်းရွာမှ ပျူများထံ ပါဆယ်မိုင်းဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးနိုင်ခြေရှိကြောင်း C&T SHWEBO အဖွဲ့က ထပ်မံအသိပေးသည်။

သတင်း

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။

News

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ​လေးဦး​သေဆုံးပြီး ၊ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မြို့ပြပျောက်ကြားအဖွဲများထုတ်ပြန်ထားသည်။ ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ​ဝေး​ဝေး​နေကြရန် မဟာမိတ်အဖွဲ့များက အသိပေးထားသည်။