Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ပျက်သွားတဲ့နောက် အမေရိကန် အခွန်စည်းကြပ်မှုတွေကို တုံ့ပြန်မယ်လို့ ကနေဒါစီစဉ်

နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားတဲ့နောက် အမေရိကန်က အခွန်တိုးမြှင့် စည်းကြပ်မှုတိုင်းကို တူတူညီညီ လက်တုံ့ပြန်သွားမယ်လို့ ကနေဒါ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားတဲ့နောက် အမေရိကန်က အခွန်တိုးမြှင့် စည်းကြပ်မှုတိုင်းကို တူတူညီညီ လက်တုံ့ပြန်သွားမယ်လို့ ကနေဒါ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ညှိနှိုင်းမှုတွေက ဆိုးရွားလွန်းနေတယ်လို့ စွပ်စွဲပြီး အမေရိကန်က နောက်ဆုတ်သွားတာကြောင့် ဩဂုတ် ၂၁ ရက်နေ့မှာ ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အမေရိကန်ဟာ ကနေဒါဆီက သွင်းကုန် စုစုပေါင်း ဒေါ်လာ ၂၀ ဘီလီယံဖိုးလောက်၊ တစ်နည်းအားဖြင့် အမေရိကန်ဆီ တင်ပို့တဲ့ ကနေဒါ ကုန်စည် အားလုံးရဲ့ ၅.၅ ရာခိုင်နှုန်းလောက်ကို တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်စည်းကြပ်ဖို့ လမ်းပွင့်သွားပါတယ်။

ဩဂုတ် ၂၂ ရက်နေ့မှာတော့ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးက အမေရိကန်ရဲ့ မြှင့်တင်ထားတဲ့ အခွန်စည်းကြပ်မှု အသစ်တွေအတွက် ကနေဒါကလည်း တူတူညီညီ တုံ့ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေက နှစ်ရှည်လများ မဟာမိတ်တွေအဖြစ် ရပ်တည်ခဲ့တဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား အခြေအနေတွေ ပိုမိုတင်းမာလာတာကို မြင်သာစေပါတယ်။

အမေရိကန်က အခွန်စည်းကြပ်ဖို့ ရည်ရွယ်ထားတဲ့ ကနေဒါ သွင်းကုန်တွေထဲမှာတော့ ဟော်ကီရိုက်တဲ့ တုတ်တံတွေကစလို့ ဘိလပ်မြေတွေထိ အမျိုးမျိုး အဖုံဖုံ ပါဝင်ကြပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာ ထရမ့်က သူနဲ့ ကာနေးတို့ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု တစ်ခုခု ရရှိမယ်လို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးဖူးပေမယ့် လက်တွေ့မှာတော့ ဆွေးနွေးပွဲ ပျက်သွားခဲ့တာပါ။

ဩဂုတ် ၂၂ ရက်နေ့မှာတော့ အော့တိုဝါမြို့မှာ ကာနေးက အဲဒီကိစ္စနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ရာမှာ ကနေဒါအတွက် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ ကိစ္စတွေကို ထရမ့်ဖက်က သတ်မှတ် တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲတွေ ရပ်သွားတာလို့ စွပ်စွဲသွားပါတယ်။

နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် သဘောတူညီမှု တစ်ခုခု ရနိုင်မယ်လို့ အခုသီတင်းပတ် အစောပိုင်းထိ ကနေဒါက ယုံကြည်မျှော်လင့်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန်က မမျှတတဲ့၊ ကနေဒါအတွက် တွက်ခြေမကိုက်တဲ့၊ နစ်နာစေတဲ့ တောင်းဆိုမှု အသစ်တွေကို တင်ပြလာပြီး သဘောတူညီမှုတွေ ရလာမယ် ဆိုရင်တောင် ယုံကြည်စိတ်ချရပါ့မလား ဆိုတဲ့ သံသယ အခြေအနေတွေကို ဖန်တီးလာကြောင်း၊ အတိုချုပ် ပြောရရင်တော့ အမေရိကန်ဖက်က တောင်းဆိုတာ အရမ်းများပြီး လိုက်လျောတာ သိပ်နည်းနေခဲ့ကြောင်း ကာနေးက ပြောပါတယ်။

အမေရိကန် ပေးနိုင်တယ်ဆိုတဲ့ အတိုင်းအတာကို ကနေဒါက လက်မခံနိုင်သလို အမေရိကန် တောင်းဆိုတာတွေကိုလည်း ကနေဒါက မလိုက်လျောနိုင်ကြောင်း သူက ဆိုပါတယ်။ ပြီးတော့ ထရမ့်ဟာ ကနေဒါအပေါ် ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲလိုက်တာ ဖြစ်တယ်လို့လည်း သူက ဝေဖန်သွားပါတယ်။

ကိုယ့်ကိုယ် တိုက်ခိုက်လာပြီဆိုရင် စစ်ပွဲဖြစ်လာတတ်ကြောင်း၊ အခု ကနေဒါဟာ တိုက်ခိုက်ခံနေရတာဖြစ်ကြောင်း ကာနေးက ပြောကြားခဲ့ပါတယ်။ ကနေဒါဟာ အမေရိကန်ဆီက သံမဏိနဲ့ နို့ထွက်ပစ္စည်း သွင်းကုန်တွေကို တန်ပြန် အခွန်စည်းကြပ်မှာဖြစ်ပြီး စက်တင်ဘာ ၈ ရက်နေ့မှာ စတင် အသက်ဝင်ပါမယ်။ အသေးစိတ် အချက်အလျက်တွေကိုတော့ မကြာခင် ထပ်မံ ထုတ်ပြန်မယ်လို့ ကာနေးက ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။

နိုင်ငံတကာ

အီရန်အပေါ် စီးပွားရေးအရ ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ် အစိုးရက ပယ်ချခဲ့ပါတယ်။

သတင်း

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ သမိုင်းတလျှောက် ကြုံဖူးသမျှ အပြင်းထန်ဆုံး ဖြစ်လာစေမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။