သတင်း တနင်္သာရီမှာ စစ်ကောင်စီတပ်သား ၁ဦး လက်နက်နဲ့ KNUထံ အလင်းဝင် ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။ ludunwayooဇွန် 2, 2026
နိုင်ငံတကာ အမေရိကန် အစိုးရက မယုံကြည်ထိုက်ဘူးလို့ အီရန် လွှတ်တော် ဥက္ကဋ္ဌပြော အမေရိကန် အစိုးရဟာ မယုံကြည်ထိုက်ကြောင်း၊ အီရန် အနေနဲ့ နိုင်ငံရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေအတွက် အပြည့်အဝ အာမခံချက် မရသ၍ အမေရိကန်နဲ့ ဘယ်လို သဘောတူညီမှုမှ မယူသင့်ကြောင်း အီရန်ရဲ့ စစ်ပြေငြိမ်းရေး ညှိနှိုင်းမှု အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။ ludunwayooဇွန် 2, 2026
သတင်း နမ့်ခမ်းပေါက်ကွဲမှု ကလေးငယ်တွေအပါအဝင် ၄၃ဦးသေဆုံး၊ ၁၁၂ဦး ဒဏ်ရာရဟု TNLA ထုတ်ပြန် ကယ်ဆယ်ရေးနဲ့ ထိခိုက်သေဆုံးစာရင်း ကောက်ယူမှုဆက်လုပ်နေဆဲဟုဆို ludunwayooဇွန် 2, 2026
သတင်း တောင်ကုတ်ကို လေယာဉ် ၈စီးနဲ့ စစ်တပ်ဗုံးကြဲ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ၊ Y12 စုစုပေါင်း လေယာဉ်ရှစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇွန် 2, 2026
သတင်း မင်းအောင်လှိုင်ကို အသိအမှတ်ပြုတဲ့ အိန္ဒိယကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ အမတ်တွေ ဝေဖန် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ဆက်ဆံခဲ့တဲ့ အိန္ဒိယ အစိုးရအပေါ် ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။ ludunwayooဇွန် 2, 2026
သတင်း စင်္ကာပူမှာပြုလုပ်မယ့် ဆုန်သင်းပါရ်ဖျော်ဖြေပွဲ ပြည်သူတွေရဲ့ Boycott အောင်မြင်နေ စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။ ludunwayooဇွန် 2, 2026
သတင်း တောင်သာနယ်ကို စစ်ကြောင်း ၃ကြောင်းနဲ့ စစ်တပ် ဝင်နေ၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီး မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ludunwayooဇွန် 2, 2026
သတင်း မြိုင် လက်ယက်မရွာကို စစ်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်၊ ပြည်သူအချို့ဒဏ်ရာရ မကွေးတိုင်း၊ မြိုင်မြို့နယ်က လက်ယက်မစံပြကျေးရွာ တိုက်နယ်ဆေးရုံအနီးကို စစ်တပ်က အသေခံဒရုန်း၂စီးနဲ့ တိုက်ခိုက်လို့ ပြည်သူအချို့ဒဏ်ရာရပြီး နေအိမ် ၁လုံး ပျက်စီးခဲ့ပါတယ်။ ludunwayooဇွန် 2, 2026
သတင်း အင်းတော်မြို့အနီး တိုက်ပွဲတွေပြင်ထန်နေပြီး စစ်တပ် သေဆုံးမှုများ စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ ludunwayooဇွန် 2, 2026
သတင်း နမ့်ခမ်းပေါက်ကွဲမှု အိုးအိမ်မဲ့သွားသူတွေအတွက် အရေးပေါ် အကူအညီလိုအပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ မေလ ၃၁ရက်ကပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် အကူအညီတွေပေးကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကတောင်းဆိုပါတယ်။ ludunwayooဇွန် 2, 2026