Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျားဖြန့်ဂိုဏ်းကနှိပ်စက်လို့ တာချီလိတ်ကနေ ထွက်ပြေးလာတဲ့ ရုရှားအမျိုးသမီးကို ကူညီပေးနေကြောင်း ထိုင်းရဲတပ်ဖွဲ့ဆို

မြန်မာဖက်မှာ ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်မှုတွေ ခံရပြီးတဲ့နောက် ထိုင်းနိုင်ငံဖက်ခြမ်း နယ်စပ်ဆီ ထွက်ပြေးလာတဲ့ ရုရှား ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို ကယ်ဆယ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာဖက်မှာ ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်မှုတွေ ခံရပြီးတဲ့နောက် ထိုင်းနိုင်ငံဖက်ခြမ်း နယ်စပ်ဆီ ထွက်ပြေးလာတဲ့ ရုရှား ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို ကယ်ဆယ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ချင်းရိုင်ပြည်နယ် ရဲတပ်ဖွဲ့က အဲဒီ ဖြစ်ရပ်ဟာ နယ်စပ်အခြေစိုက် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှု ရှိသလား ဆိုတာကို စုံစမ်းနေကြောင်းလည်း ပြောပါတယ်။

ဩဂုတ် ၉ ရက်နေ့တုန်းက မယ်ဆိုင်မှာရှိတဲ့ စျေးဝယ်စင်တာ တစ်ခုမှာ လက်မောင်းနဲ့ ခြေထောက်တွေ ဒဏ်ရာရထားတဲ့ ရုရှား အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းကြောင်း ထိုင်းရဲတွေက သွားရောက် စစ်ဆေးခဲ့ပါတယ်။ စကားပြန်ကနေတဆင့် ဆက်သွယ်ရာမှာတော့ အမျိုးသမီးက သူဟာ အသက် ၁၉ နှစ်အရွယ် မာရီယာ ဆိုင်ဂန်ကိုဗာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

သူ့ကို မယ်ဆိုင်ဆေးရုံဆီ ခေါ်ဆောင်သွားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်စေခဲ့တဲ့နောက် ရဲတွေက ထွက်ချက် ရယူခဲ့ပါတယ်။ ဆိုင်ဂန်ကိုဗာက သူဟာ တရုတ်ကနေတဆင့် ထိုင်းနိုင်ငံကို ရောက်ခဲ့ကြောင်း၊ အဲဒီကနေတဆင့် အလုပ်အကိုင် ကမ်းလှမ်းမှုတစ်ခု လက်ခံရရှိထားရာ ရန်ကုန်မြို့ဆီကိုခရီးဆက်ခဲ့ကြောင်း ရဲတွေကို ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ သူဟာ ရန်ကုန်ကနေ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ဆီကို ခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ တာချီလိတ်ဟာ ထိုင်းနိုင်ငံရဲ့ မယ်ဆိုင်မြို့ တစ်ဖက်ကမ်းမှာ မဲခေါင်မြစ်ခြားပြီး တည်ရှိတဲ့ နယ်စပ်မြို့ပါ။

တာချီလိတ်မှာ သူဟာ ရုပ်ပိုင်းဆိုင်ရာ ရန်ပြု တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့နောက် ထိုင်းဖက်ခြမ်းကို ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုင်ဂန်ကိုဗာက ထွက်ဆိုပါတယ်။ သူ့ကို ပစ်ကပ်ထရပ်ကား မောင်းလာတဲ့ ထိုင်းအမျိုးသား တစ်ဦးက ခေါ်ဆောင်လာပြီး စျေးဝယ်စင်တာဆီ ပို့ပေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီကနေတဆင့် သူက ရဲတွေဆီ ဆက်သွယ် အကူအညီ တောင်းခံခဲ့တာပါ။

ဆိုင်ဂန်ကိုဗာက မြန်မာနိုင်ငံမှာ သူ့အတွက် ကမ်းလှမ်းမှု ရှိခဲ့တယ်ဆိုတဲ့ အလုပ်အကြောင်းကိုတော့ အသေးစိတ် ထုတ်မပြောပါဘူး။ အမျိုးသမီးဟာ ထိတ်လန့် ကြောက်ရွံ့နေပုံပေါ်ပြီး သူ့ကို ရုရှားဆီ ပြန်ပို့ပေးဖို့၊ သူ့အမေနဲ့ ဆက်သွယ်ပေးဖို့ပဲ တဖွဖွ တောင်းဆိုနေခဲ့ပါတယ်။

တာချီလိတ်ဟာလည်း နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေ ကျက်စားရာ နယ်မြေတစ်ခု ဖြစ်ခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက အဲဒီ တရားမဝင် လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ကြိုးစားနေကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ ဒါကြောင့် ဆိုင်ဂန်ကိုဗာဟာလည်း ကျားဖြန့် ဝန်ထမ်းအဖြစ် စုဆောင်းခေါ်ယူ ခံရပြီး သူက အမိန့်မနာခံလို့ အကြမ်းဖက် ခံရတာ ဖြစ်မလား ဆိုတာကို ထိုင်းရဲတွေက သံသယ ရှိနေတာပါ။

ထိုင်းရဲတပ်ဖွဲ့ဟာ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးပြီး ဆိုင်ဂန်ကိုဗာကို ထိုင်းဖက်ခြမ်း ခေါ်လာပေးတယ်ဆိုတဲ့ ပစ်ကပ်ကားမောင်းသူကိုလည်း ရှာဖွေဖို့ ကြိုးစားနေပါတယ်။ ပြီးတော့ မိန်းကလေးရဲ့ အခြေအနေကို မိသားစုဆီ ဆက်သွယ် အသိပေးနိုင်အောင် ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးဆီကို ရဲတပ်ဖွဲ့က ဆက်သွယ် အကြောင်းကြားထားပါတယ်။

မြန်မာဖက်ခြမ်းက ကျားဖြန့်ဂိုဏ်းတွေဆီကနေ ထွက်ပြေးပြီး ထိုင်းအာဏာပိုင်တွေဆီမှာ နိုင်ငံခြားသားတွေက အကူအညီ တောင်းခံတဲ့ ဖြစ်ရပ်တွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ မနှစ်က ဖေဖော်ဝါရီ လတုန်းက ကင်ညာနိုင်ငံသား တစ်ဦးဟာ ထိုင်းကို ထွက်ပြေးလာပြီး အာဏာပိုင်တွေဆီ ဆက်သွယ်ခဲ့ပါတယ်။ သူက ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အခြေစိုက် ကျားဖြန့်ဂိုဏ်း တစ်ခုမှာ ရက်ရက်စက်စက် ညှင်းပန်းခံရကြောင်း၊ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် ၁၀ ကီလိုမီတာလောက် ခရီးကို လမ်းလျှောက်ပြီး တက်ခ်ပြည်နယ်ရဲ့ ဖော့ဖရားခရိုင် ပိုင်နက်ထဲ ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

မနှစ်က ဧပြီလတုန်းကလည်း တက်ခ်ပြည်နယ်မှာရှိတဲ့ မဲဆောက်မြို့ဆီ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ တရုတ် ၇ ဦးကို ထိုင်းရဲတွေက ထိန်းသိမ်းခဲ့ပါတယ်။ သူတို့က မြန်မာဖက်ခြမ်းမှာရှိတဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုရဲ့ ဝန်ထမ်းဟောင်းတွေ ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်း အားနည်းချက်ကြောင့် အလုပ်ထုတ် ခံရပြီး ထိုင်းကနေတဆင့် တရုတ်ဆီ ပြန်သွားဖို့ ရည်ရွယ်ထားကြောင်း ဝန်ခံခဲ့ကြပါတယ်။

ကိုးကား: Thaiger

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook