Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရန်ကြောင့် စစ်ရှောင်နေရတဲ့ဒေသခံတွေကို PDF အထူးတိုင်းစစ်ဌာနက ရိက္ခာဆေးဝါးထောက်ပံ့

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ − အထူးတိုင်းစစ်ဌာန

ဩဂုတ် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှူ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာနဲ့ နေအိမ်များကို စွန့်ခွာ၍ စစ်ဘေးရှောင်နေရသော ပြည်သူများကို အထူးတိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနရဲ့ ဦးဆောင်မှု၊ တပ်ရင်းပြည်သူ့လုံခြုံရေးဌာနတာဝန်ခံများရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီပေးခဲ့တာလို့ ဆိုပါတယ်။

“အရေးပေါ်လိုတာကတော့ စားနပ်ရိက္ခာနဲ့ အမိုးအကာပါပဲ။ မိုးကာစတွေလိုတယ်၊ မိုးကာအင်္ကျီတွေရောပေါ့။ အဝတ်အစားတွေလည်းလိုပါတယ်။ အစာအဟာရ အသားဟင်း တွေလည်း လိုအပ်တယ်။ ဆေးဝါးနဲ့ ကျမ်းမာရေးစောင့်ရှောက်မှုလည်း အဓိကလိုအပ်ပါတယ်”လို့ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ဒေသတွင်းစစ်ရှောင်တွေရဲ့ လိုအပ်ချက်ကို ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အထူးတိုင်းစစ်ဌာနအနေနဲ့ ၂၀၂၆ မေလ မှ ဇူလိုင်အထိ မွန်ပြည်နယ် သထုံခရိုင်အတွင်း အရေးပေါ်အကူအညီလိုအပ်နေသော စစ်ဘေးရှောင် အိမ်ထောင်စု (၄၀၇) စု၊ စစ်ဘေးရှောင်ပြည်သူ (၁၄၅၁) ဦး အတွက် စားနပ်ရိက္ခာများ၊ အမိုးအကာနဲ့ ဆေးဝါးများ ကူညီထောက်ပံ့ခဲ့တယ်လို့ တိုင်းစစ်ဌာနက အသိပေးပါတယ်။

ကူညီထောက်ပံ့မှုပမာဏ စုစုပေါင်း ၂၀၈၀၉၄၀၀ ကျပ် (နှစ်ရာ့ ရှစ်သိန်း ကိုးထောင့် လေးရာကျပ်) ရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုထောက်ပံ့တာကို တွဲလက်များ (HOG) – Singapore နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကူညီဖြည့်ဆည်းပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ၊ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း ရန်သူရဲ့ မြေပြင်ထိုးစစ်နဲ့ အတူ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်နေရသော အိမ်ထောင်စု (၁၆၅၇) စုနဲ့ စစ်ဘေးရှောင်ဦးရေ (၅၂၉၈) ဦးအထိရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်၊ ဒေါနအရှေ့ခြမ်း နယ်စပ်ဒေသတွေမှာလည်း စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ဦးရေ တိုးမြင့်နေဆဲဖြစ်ပြီး အကူအညီများလိုအပ်လျှက်ရှိဟု ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook