Connect with us

Hi, what are you looking for?

သတင်း

ငလျင်ထိထားတဲ့ ဈေးချိုတိုက်ခန်းဖြိုချချိန် အလုံးလိုက်ပြိုကျ

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Screenshot

ဩဂုတ် ၁၀၊၂၀၂၆၊ကတ်သရင်း/People’s Spring

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

၂၀၂၅ မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ တိုက်တန်းလေး လို့ခေါ်တဲ့ မန္တလေးမြို့၊၈၄လမ်း၊၂၆လမ်းနဲ့၂၇လမ်းကြားက ဈေးချိုတိုက်ခန်းပါဝင်ပြီး အဲဒီအဆောက်အဦးကို ကုမ္ပဏီတစ်ခုက တာဝန်ယူဖြိုချ နေတာလို့ သိရပါတယ်။

အဲဒီအဆောက်အဦးဟာ ဒီနေ့ ဩဂုတ် ၁၀ရက် နေ့လည်ပိုင်းမှာ အဆောက်အဦးလိုက်ပြိုကျခဲ့ပြီး လူတွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အဆောက်အဦးက တော်တော်ယိုင်နေပြီ။ကြောက်စရာကြီး။ဘယ်တော့ ပြိုကျမလဲလို့ စောင့်ကြည့် နေရတာ။အခု ပြိုကျသွားတော့ စိတ်အေးသွားတာ ပေါ့”ဈေးချို ဈေးသည်တစ်ဦးက ပြောပါတယ်။

ယခင်ရက်တွေက အလုပ်သမားတချို့ဖြိုချနေတာ တွေ့ရပြီး ဒီနေ့ပြိုကျချိန်မှာ လူမရှိတာမို့ အထိခိုက်မရှိဘူးလို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။

မန္တလေးမြို့ ငလျင်လှုပ်ခတ်မှုမှာ လူပေါင်း၂၀၀၀ ကျော် သေဆုံးပြီး ငလျင်ကြီးလှုပ်ခတ်ပြီးမှု ၁နှစ် ကျော်ကြာသည်အထိ ငလျင်ငယ်တွေဆက်တိုက်လှုပ်ခတ်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook