ဆောင်းပါး နိုင်ငံအခက်ခဲဆုံးအချိန်မှာ ကျွန်တော်တို့ ဘာလုပ်နေကြလဲဟု မင်းသားကြီးမိုးမင်းသဘင်လောကကို မေးခွန်းထုတ် တချိန်က သဘင်တခေတ်မှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ စိန်မာဒင်မျိုးဆက် ဇာတ်မင်းသားကြီး မိုးမင်းဟာ တော်လှန်ပြည်သူဘက်ကနေ ရပ်တည်နေသူပါ။ အာဏာမသိမ်းခင်ကတည်းက အနောက်နိုင်ငံကို ရောက်ရှိနေခဲ့တဲ့ ဇာတ်မင်းသားကြီးဟာ စစ်တပ်အာဏာသိမ်းချိန် အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်ခဲ့ပါတယ်။ ludunwayooဇူလိုင် 23, 2026
သတင်း ထားဝယ်ဒေသ စစ်ရှောင်အရေးဆောင်ရွက်သူ လူငယ် ၃ဦး စစ်တပ်သတ်ဖြတ်ခဲ့မှုအတွက် ဝမ်းနည်းကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီ ထုတ်ပြန် ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 23, 2026
သတင်း စစ်ကောင်စီက စားအုန်းဆီခွဲတမ်းလျှော့ချပြီးနောက် စျေးကွက်အတွင်း ဝယ်ယူရခက်ခဲလာ စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။ ludunwayooဇူလိုင် 23, 2026
သတင်း စစ်ရှောင်တွေရဲ့ အသက်မွေးဝမ်းကြောင်း အထောက်အကူဖြစ်ပေမယ့် လမ်းစဖော်ပေးဖို့ KNUကို ကရင်လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 23, 2026
သတင်း ဖားကန့်မှာ ရေကျသွားပေမယ့် ဒေသခံတွေ သွားလာနေထိုင်ရေး အခက်ကြုံနေ ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။ ludunwayooဇူလိုင် 23, 2026
သတင်း မြိုင်နဲ့ ပေါက်မှာ စစ်တပ်က ၁လအတွင်း စစ်တပ်က ပြည်သူ ၂၄ ဦးထက်မနည်း သတ်ဖြတ် မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 23, 2026
သတင်း ထောင်ဒဏ် ၁၆၄ နှစ်ချခံရတဲ့ နိုင်ကျဉ်းတစ်ဦးအိုးဘိုထောင်မှာဆုံးပါး မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ludunwayooဇူလိုင် 23, 2026
သတင်း မြန်မာစစ်တပ်နဲ့ပတ်သက်ဆက်နွှယ်တဲ့ နောက်ထပ် နိုင်ငံတကာ ကုမ္ပဏီ ၅၀ ကျော်ကို Burma Campaign UK ဖော်ထုတ် မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။ ludunwayooဇူလိုင် 23, 2026
သတင်း VIPA App မှာ ကြည့်ရမယ့် ဒေါင်းရဲ့ ဇာတ်လမ်းတွဲသစ် ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။ ludunwayooဇူလိုင် 23, 2026
သတင်း နည်းပညာမြင့်ဒရုန်းတွေ တရားမဝင် ရောင်းဝယ်တယ်ဆိုပြီး မြန်မာတဦး မဲဆောက်မှာ အဖမ်းခံရ မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်။ ludunwayooဇူလိုင် 23, 2026