Connect with us

Hi, what are you looking for?

သတင်း

ထောင်ဒဏ် ၁၆၄ နှစ်ချခံရတဲ့ နိုင်ကျဉ်းတစ်ဦးအိုးဘိုထောင်မှာဆုံးပါး

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇူလိုင် – ၂၂ ၊၂၀၂၆ /People’s Spring

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထောင်တွင်းဆုံးပါးသွားသူဟာNLD ပါတီဝင်ကိုလှိုင်ဘွားဆိုသူအမျိုးသားဖြစ်ပါတယ်။

သူဟာမန္တလေးတိုင်း NLD ပါတီဝင်တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါ ရီလ ၁ ရက်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူလို့ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

“အကိုကျသွားကြားတော့စိတ်မကောင်းဘူး၊ကျန်းမာရေးအင်မတန်ကောင်းတဲ့သူက ဖမ်းခံရပြီးမှအခုလိုတွေဖြစ်သွားတာပါ”လို့ ပါတီနဲ့နီးစပ်သူကပြောပါတယ်။

ကိုလှိုင်ဘွားကို ၂၀၂၃ ခုနှစ်၊ဩဂုတ်လမှာအာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၁(က)၊ ၅၂(ဂ) ၊ ၅၄(က) တွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၁၆၄ နှစ် ချခဲ့တာပါ။

စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းထားတဲ့ငါးနှစ်တာကာလအတွင်းထောင်တွင်းမှာကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါး အသက်ဆုံးပါးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဆုံးပါးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေထဲမှာ အမျိုးသားဦးရေသေဆုံးမှုမှာ ၈၆ ရာခိုင်နှုန်း နဲ့အများဆုံးဖြစ်ပြီး အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ က ၁၃ ရာခိုင်နှုန်း နဲ့ လိင် စိတ်ခံယူမှုကွဲပြားသူ LGBT သေဆုံးမှု တစ်ရာခိုင်နှုန်း ရှိခဲ့တာပါ။

အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ဆိုးရွားတဲ့ ထောင်တွင်းအခြေအနေတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေဟာလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ကာ သေဆုံးမှုနှုန်း မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ရဲ့ လွတ်ငြိမ်းပေးမှုကြေညာချက်နဲ့ အမှန်တကယ်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် ကွဟာချက်တွေရှိနေပြီး နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာလည်း အလွန်နည်းပါးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီကနေ့ အောက်တိုဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စိုးရိမ်ကြောင်းပြောဆိုနေရုံနဲ့ မလုံလောက်ဘဲ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုလိုက်ပါတယ်။

သတင်း

ထောင်တွင်းစစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေ တိုးလုပ်နေ

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးထောင်မှာ ထောင်တွင်း ဖိနှိပ်မှုတွေ တင်ပြဖို့အားထုတ်သူနိုင်ငံရေးအကျဉ်းသားအမျိုးသားကိုထောင်ဝန်ထမ်းတွေဝိုင်းဝန်းရိုက်နှက်တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဒီနေ့ (အောက်တိုဘာ ၁၈ ရက်) မှာ သတင်းထုတ်ပြန်ထားပါတယ်။