Connect with us

Hi, what are you looking for?

သတင်း

ထောင်ဒဏ် ၁၆၄ နှစ်ချခံရတဲ့ နိုင်ကျဉ်းတစ်ဦးအိုးဘိုထောင်မှာဆုံးပါး

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇူလိုင် – ၂၂ ၊၂၀၂၆ /People’s Spring

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထောင်တွင်းဆုံးပါးသွားသူဟာNLD ပါတီဝင်ကိုလှိုင်ဘွားဆိုသူအမျိုးသားဖြစ်ပါတယ်။

သူဟာမန္တလေးတိုင်း NLD ပါတီဝင်တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါ ရီလ ၁ ရက်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူလို့ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

“အကိုကျသွားကြားတော့စိတ်မကောင်းဘူး၊ကျန်းမာရေးအင်မတန်ကောင်းတဲ့သူက ဖမ်းခံရပြီးမှအခုလိုတွေဖြစ်သွားတာပါ”လို့ ပါတီနဲ့နီးစပ်သူကပြောပါတယ်။

ကိုလှိုင်ဘွားကို ၂၀၂၃ ခုနှစ်၊ဩဂုတ်လမှာအာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၁(က)၊ ၅၂(ဂ) ၊ ၅၄(က) တွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၁၆၄ နှစ် ချခဲ့တာပါ။

စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းထားတဲ့ငါးနှစ်တာကာလအတွင်းထောင်တွင်းမှာကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါး အသက်ဆုံးပါးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဆုံးပါးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေထဲမှာ အမျိုးသားဦးရေသေဆုံးမှုမှာ ၈၆ ရာခိုင်နှုန်း နဲ့အများဆုံးဖြစ်ပြီး အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ က ၁၃ ရာခိုင်နှုန်း နဲ့ လိင် စိတ်ခံယူမှုကွဲပြားသူ LGBT သေဆုံးမှု တစ်ရာခိုင်နှုန်း ရှိခဲ့တာပါ။

အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ဆိုးရွားတဲ့ ထောင်တွင်းအခြေအနေတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေဟာလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ကာ သေဆုံးမှုနှုန်း မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

Facebook