Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ ရေကျသွားပေမယ့် ဒေသခံတွေ သွားလာနေထိုင်ရေး အခက်ကြုံနေ

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ရေကျပြီးနောက်တွေ့မြင်ရတဲ့ ဖားကန့်မြို့တွင်း။ ဓာတ်ပုံ - Zaw Aung Maran /FB

ဇူလိုင် -၂၂၊ ၂၀၂၆ /People’s Spring

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

“ရေကတော့ ပြန်ကျနေတယ်၊တချို့နေရာတွေကားသွားလို့ရတယ်ပေါ့ ၊ဒါပေမယ့် ပြန်လည်ထူထောင်ရေးက မလုပ်နိုင်သေးပါဘူး ၊ရေနစ်ထားတဲ့နေရာတွေကချက်ချင်းပြန်နေဖို့ မဖြစ်နိုင်ဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီနေ့ (ဇူလိုင်လ ၂၂ ရက်)မှာတော့ မြို့ပေါ် ရပ်ကွက်ဖြစ်တဲ့ မြို့မရပ်ကွက်မှာ ရေကျသွားတဲ့အတွက် စုပေါင်းသန့်ရှင်းရေးတွေ လုပ်ဆောင်နေကြပါတယ်။

Public Service Announcement

Public Service Announcement

ရေကျသွားပြီးနောက်နေအိမ်တွေထဲမှာရွှံ့နဲ့အမှိုက်သရိုက်တွေတင်ကျန်ခဲ့တာကြောင့်ပြန်လည်နေထိုင်ရေးအပြင်သောက်သုံးရေနဲ့ လျှပ်စစ်မီးရရှိ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမိုးရေကြောင့်ဥရုချောင်းရေမြင့်တက်လာပြီးဖားကန့်မြေနိမ့်ရပ်ကွက်တွေမှာ ရေအလုံးအရင်း ဝင်ရောက်ခဲ့တဲ့အတွက်နေအိမ်တွေရေနစ်မြုပ်ခဲ့တာပါ။

လက်ရှိမှာရေကျသွားပေမယ့်ရေဘေးသင့်ပြည်သူတွေကို လူမူကူညီရေး အသင်းတွေနဲ့ ဒေသခံအချို့က စုပေါင်းပြီး ထမင်းထုပ်တွေ နဲ့ ရေသန့်ဘူးတွေကို လိုက်လံလှုဒါန်းနေရပါတယ်။

“အနိမ့်ပိုင်းရပ်ကွက်တွေမှာ လှုဒါန်းမှုတွေကတော့ လုပ်နေရတုန်း ၊ရေအကုန်ကျသွားတာတောင် ချက်ချင်းနေမရတဲ့ ရပ်ကွက်တွေက လှုဒါန်းမှုတွေလိုအပ်နေဦးမှာ” လို့လူမူကူညီရေးလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

ဖားကန့် မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ မှော်ဝမ်း၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင်နဲ့ အေးမြသာယာရပ်ကွက်တွေမှာ ရေဘေးသင့်ခဲ့တာဖြစ်ပြီး မှော်ဝမ်းရပ်ကွက်မှာ တော့ မြေပြိုတာကြောင့် နေအိမ်တစ်လုံးပါသွားပါတယ်။

ဒါအပြင်မနေ့ (ဇူလိုင်လ ၂၀ ရက်)ကငှက်ပျောတောရပ်ကွက်မှာရေစီးနဲ့အတူမျောပါလာတဲ့အသက်ငါးနှစ်အရွယ် ကလေးငယ် တစ်ဦးရဲ့ ရုပ်အလောင်းကိုလည်းဒေသခံတွေတွေခဲ့ပါတယ်။

အဖိုးတန်ကျောက်စိမ်းထွက်ရှိရာကချင်ပြည်နယ်၊ဖားကန့်မှာ အလွန်အကျွံ သယံဇာတထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးပြီး မြေပြိုကျတာတွေကြောင့် နှစ်စဉ်လူအသက်ပေါင်းများစွာဆုံးရှုံးနေတာလည်းဖြစ်ပျက်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဇူလိုင် ၁၇ရက် ညနေပိုင်းကတင် မိုးသည်းထန်နေချိန် ကုဋေမှော်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုလို့ ရေမဆေးကျောက်ရှာသူ ခုနှစ်ဦး ထက်မနည်း သေဆုံးသွားခဲ့တဲ့ဖြစ်စဉ် ဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြညနယ်၊ဖားကန့်မြို့နယ်မှာ၊ဖားကန့်မှော်လှည့်သပိတ် စစ်ကြောင်းမှတော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၉) အာဇာနည်နေ့မှာ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်းနဲ့အတူ မြစ်ဆုံစီမံကိန်းအား လုံးဝလက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook