Connect with us

Hi, what are you looking for?

သတင်း

VIPA App မှာ ကြည့်ရမယ့် ဒေါင်းရဲ့ ဇာတ်လမ်းတွဲသစ်

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

ဇူလိုင်-၂၂၊၂၀၂၆။ဆဏ်း/People’s Spring

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

ဇာတ်လမ်းတွဲနာမည်က My Heartbeat ဖြစ်ပြီး ဒီဇာတ်ကားမှာ ဒေါင်းက စကားမပြောတတ်တဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။

“ဒီကားက ထိုင်း PBS ကရိုက်တဲ့ ဒုတိယမြောက် ဇာတ်လမ်းတွဲ ။ ဒီကားထဲမှာ စကားမပြောတတ်တဲ့ Deaf Man တစ်ယောက်နေရာက သရုပ်ဆောင်ထားတယ်။ အချစ် Romance ကား” လို့ ဒေါင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်းမင်းသမီး Film Chatdao နဲ့ တွဲဖက်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“Deaf Man တွေလည်း လူ့လောကမှာ ဘဝမှာ လူတွေနဲ့တန်းတူ အလုပ်လုပ်နိုင်တယ်။ ရပ်တည်နိုင်တယ်။ဖြတ်သန်းနိုင်တယ်ဆိုတာကို ပြသထားတာပါ။” လို့ ဒီဇာတ်ကားရဲ့ကာရိုက်တာနဲ့ပတ်သက်ပြီး ဒေါင်းကပြောပါတယ်။

ဇာတ်ကားတစ်ကားလုံး Sign Language နဲ့သရုပ်ဆောင်ရတာကြောင့် အဲဒီ့အတွက် လေ့ကျင့်မှုတွေပြုလုပ်ခဲ့ရသလို အကအတွက်လည်း လေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ www.VIPA.me နဲ့ VIPA Application မှာကြည့်ရှုနိုင်မယ်လို့ ကြေညာထားပါတယ်။

နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်ကို ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေကို အနုပညာနဲ့ မရပ်တည်နိုင်အောင် စစ်အုပ်စုဘက်က ပြုလုပ်ခဲ့ပေမယ့် ဒေါင်းကတော့ ထိုင်းနိုင်ငံမှာ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတာပါ။

အာဏာသိမ်းကာလက ထိုင်းနိုင်ငံက အနုပညာရှင်တွေနဲ့အတူ ဒေါင်းပါဝင် ရိုက်ကူးခဲ့တဲ့ ကျောက်ဖရားမှ ဧရာဝတီ ရုပ်သံဇာတ်လမ်းတွဲ ‌က ပရိသတ်အားပေးမှုရခဲ့သလို ဒီနှစ်နှစ်ဆန်းပိုင်းက ရုံတင်ပြသခဲ့တဲ့ အိုမူကာဒေး ရုပ်ရှင်ကားကလည်း ပရိသတ်အားပေးမှုရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI) နဲ့ ထိုင်းအစိုးရတို့က ကျားဖြန့် အပါအဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ သဘောတူညီမှုရရှိခဲ့​ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကြောင့် အာရှ-ပစိဖိတ် ဒေသမှာ ပြီးခဲ့တဲ့နှစ်က ဆုံးရှုံးမှုတန်ဖိုး အနည်းဆုံး ဒေါ်လာ ၈၈ ဘီလီယံ ရှိခဲ့ကြောင်း ကုလသမဂ္ဂ (UN)က ခန့်မှန်းခဲ့ပါတယ်။

နိုင်ငံတကာ

နှုတ်ခမ်းမွေးဆိုတဲ့ နာမည်ပြောင်နဲ့ လူသိများတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ Te Achaewက ထိုင်းအစိုးရ အနေနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် အခြေအနေ နှစ်ရပ်ကို ပြန်လည် စဉ်းစားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Facebook