သတင်း သဖန်းဆိပ်ဆည် ရေထပ်လွှတ်နေလို့ မူးမြစ်ရေကြီးနိုင်ဟု ရွှေဘိုခရိုင် ပကဖ သတိပေး သဖန်းဆိပ်ဆည် ရေပြည့်မှတ်ကျော်လွန်နေလို့ ရေလွှတ်နေတာကြောင့် မူးမြစ်ဘေးနေ ပြည်သူတွေ ရေဘေး ထပ်မံသတိပြုကြဖို့ ရွှေဘိုခရိုင် ပကဖက သတိပေးထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 14, 2026
သတင်း ဖောင်းပြင်နဲ့ မော်လိုက်မြို့မှာ စစ်တပ် ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံး စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ludunwayooဩဂုတ် 14, 2026
သတင်း မဘိမ်းနဲ့ မိုးမိတ်ကို စစ်တပ်က နေ့စဉ် ဗုံးကြဲနေ၊ အရပ်သား ၄ဦး သေဆုံးပြီး ဘုန်းကြီးအပါအဝင် ၉ ဦး ဒဏ်ရာရ စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။ ludunwayooဩဂုတ် 14, 2026
နိုင်ငံတကာ ထိုင်းစျေးရောင်းပွဲတော် တစ်ခုမှာ ဓား၊ ပြောင်းတိုသေနတ်နဲ့ တိုက်ခိုက်မှုဖြစ်ပြီး ၆ ဦး ဒဏ်ရာရ ထိုင်းနိုင်ငံက ဒေသတွင်း စျေးရောင်းပွဲတော် တစ်ခုမှာ လူတစ်စုက ဓားတွေ၊ ပြောင်းတိုသေနတ် တစ်လက်ကို အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ludunwayooဩဂုတ် 14, 2026
သတင်း ဝက်လက်အနောက်ခြမ်းမှာ ရေဘေးကြောင့် လူငယ် ၁ဦး သေဆုံး စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ်လူငယ် ၁ဦး ရေမြော ပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြှုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။ ludunwayooဩဂုတ် 14, 2026
သတင်း ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို KNU မြိတ်ထားဝယ်ခရိုင်က ဂုဏ်ပြုဆုပေး ကရင့်အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ဩဂုတ် ၁၂ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်မှာ ကျင်းပခဲ့ရာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးပါတယ်။ ludunwayooဩဂုတ် 14, 2026
နိုင်ငံတကာ ဂျပန်ဝန်ကြီးချုပ်ကို ဩစတြေးလျ ဝန်ကြီးချုပ်က လှောင်ပြောင်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဂျပန်ပယ်ချ လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ludunwayooဩဂုတ် 14, 2026
သတင်း ရန်ကုန်မြို့မှာဝမ်းရောဂါကြောင့် ၁ ဦးသေဆုံး ၄ ရက်အတွင်းဝမ်းပျက်ဝမ်လျှောလူနာ ၁၈၀ ကျော်ရှိဟု စစ်ကောင်စီထုတ်ပြန် ludunwayooဩဂုတ် 14, 2026
နိုင်ငံတကာ အမေရိကန် လက်နက်တိုက်ထဲက Patriot ဒုံးခွင်းဒုံး ၁၀ ပုံ ၁ ပုံလောက် ရောင်းပေးဖို့ ယူကရိန်း သမ္မတ မေတ္တာရပ်ခံ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် Patriot ဒုံးခွင်းဒုံးတွေ ရောင်းချပေးဖို့ အမေရိကန် အစိုးရကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မေတ္တာရပ်ခံခဲ့ပါတယ်။ ludunwayooဩဂုတ် 14, 2026
သတင်း CDF-KKG ရဲဘော် ၂ ဦးနဲ့ အရပ်သား ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ CDF-KKG ရဲ့ ရဲဘော် ၂ဦးနဲ့ အရပ်သား ၁ဦး လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ludunwayooဩဂုတ် 14, 2026