Connect with us

Hi, what are you looking for?

သတင်း

အေးသာယာစက်မှုဇုန်မှာ ကျူးကျော်တွေဆိုပြီး နေအိမ် ၃၀ ကျော်ကို စစ်တပ်ဖယ်ရှား

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့က စက်မှုဇုန်မှာ ကျူးကျော်တွေဆိုပြီး နေအိမ် ၃၀ ကျော်ကို စစ်တပ်ကဖယ်ရှားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့က စက်မှုဇုန်မှာ ကျူးကျော်တွေဆိုပြီး နေအိမ် ၃၀ ကျော်ကို စစ်တပ်ကဖယ်ရှားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့က စက်မှုဇုန်မှာ ကျူးကျော်တွေဆိုပြီး နေအိမ် ၃၀ ကျော်ကို စစ်တပ်ကဖယ်ရှားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

အေးသာယာမြို့၊ ရပ်ကွက် (၁၂) စက်မှုဇုန်မှာ ကျူးကျော်တွေဆိုပြီး နေအိမ် ၃၀ ကို မနေ့က အောက်တိုဘာ ၂၂ ရက်မှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲတွေ၊ စည်ပင်ဝန်ထမ်းတွေကအင်အားအများအပြားနဲ့ ဝင်ရောက် ဖြိုဖျက်ရှင်းလင်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“လူလိမ်အိမ်ခြံမြေရောင်းနေတဲ့ပွဲစားတွေကြောင့် မသိနားမလည်တဲ့ပြည်သူက ကျောတခင်းစားနေရာအတွက် မရှိမဲ့ရှိမဲ့ရှာထားရတဲ့ချွေးနည်းစာလေးနဲ့ လူမနီးသူမနီးနေရာလေးမှာ ပိုက်ဆံပေးပြီးနေကြရတာပါ။ ဒါကို အိမ်ခြေလေးလည်း များလာလူလည်းစည်လာကော လုပ်ငန်းရှင်နဲ့ အုပ်ချုပ်သူနဲ့ပေါင်းပြီး ကျူးကျော်လို့ စွပ်စွဲပြီးသိမ်းတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရပ်ကွက် (၁၂) စက်မှုဇုန်မှာ စုစုပေါင်း အိမ်ခြေ ၂၀ဝ ကျော်ကို ဖယ်ရှားပေးဖို့ ​ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကတည်းက ရက်(၂၀)အတွင်း ဖယ်ပေးဖို့ စစ်တပ်က အမိန့်ထုတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါရပ်ကွက်မှာ အခြားဒေသက စစ်ရှောင်တွေ၊ မယ်သီလရှင်တွေပါ နေထိုင်ကြတဲ့အတွက် ဖယ်ရှားခံရလို့ နေထိုင်ရေး အခက်အခဲတွေ ရှိနေကြောင်း သိရပါတယ်။

အဲဒီမြေနေရာဟာ၂၀၀၀ လောက်ကတည်းက စက်မှုဇုန်စီမံကိန်းအတွက် နိုင်ငံတော်က လျော်ကြေးပေးပြီး သိမ်းဆည်းထားတဲ့မြေလို့ ဆိုပါတယ်။ သို့သော် မူလမြေပိုင်ရှင်တွေက ပြန်လည်ရောင်းချခဲ့တာကြောင့် အခုလို ဝယ်ယူနေထိုင်မိကြတဲ့ ဒေသခံတွေကတော့ နေစရာအခက်အခဲဖြစ်နေကြောင်း သတင်းရရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေနဲ့ အခြားဒေသအများအပြားမှာ တရားမဝင် ကျူးကျော်နေထိုင်မှုဆိုပြီး နေအိမ်တွေကို အာဏာပိုင်တွေက ဖယ်ရှားရှင်းလင်းတာတွေ မကြာခဏ လုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငပြီကျွန်းတိုက်ပွဲ နှစ်ပတ်ကျော်အတွင်း စစ်သား ၁၀၀ ဝန်းကျင် သေဆုံးပြီး ၅၀ ခန့် အဖမ်းခံရ

ဆောင်းပါး

အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီကျော်က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမြောက်ပိုင်းက ကပ်ရပ် အိမ်ကလေး ၂ လုံးအနက် တစ်လုံးမှာ လင်ယောကျာ်းသေဆုံးသွားပြီဖြစ်တဲ့ မစိုး(အမည်လွှဲ)နဲ့ သူ့ရဲ့သမီး ၃ ယောက်ရယ်၊ နောက်တစ်အိမ်မှာတော့ မအေးမာနဲ့ သမီး ၃ ယောက်ရယ် ရှိနေကြတယ်။...

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်တွေမြို့ပေါ်လူနေရပ်ကွက်ကို စစ်တပ်ရဲ့ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲမှုကြောင့် ၉ ဦးသေဆုံးခဲ့ပြီး ၊ဒဏ်ရာရသူ ၁၆ ဦးရှိတာမှာ ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။